ငွေတွင်းကျေးရွာရှိ ပျူစောထီးစခန်းဝင်တိုက်ခံရသဖြင့် ၅ ဦးခန့် သေဆုံး


အရာတော်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးမဟာမိတ်တပ်များက ဇန်နဝါရီ ၃၁ ရက်၊ 

နေ့လယ်ပိုင်းက ဝင်တိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား နှင့် ပျူစောထီးအဖွဲ့ဝင် ၅ ဦးခန့်သေဆုံးကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးကသတင်းထုတ်ပြန်သည်။ 

အဆိုပါ သေဆုံးခဲ့သည့် လူဦးရေနှင့်ပတ်သက်၍  ရှေ့တန်းရောက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

အကြမ်းဖက်စစ်ကောင်စီက အရာတော်မြို့တောင်ဘက်ကို ရဟတ်ယာဉ်ဖြင့် မွှေနှောက်နေစဉ် အရာတော်မြို့အရှေ့ဘက်ရှိ ငွေတွင်း ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ပျူစောထီးနှင့်စစ်ကောင်စီတပ်စွဲထားသည့် ငွေတွင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်စဉ် တော်လှန်ရေးမဟာမိတ်အဖွဲ့က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့သဖြင့် စက်သေနတ်ကိုင်ဆောင်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်လည်း  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 


Lu Nge Khit

ငွေတွင်းကျေးရွာရှိ ပျူစောထီးစခန်းဝင်တိုက်ခံရသဖြင့် ၅ ဦးခန့် သေဆုံး ငွေတွင်းကျေးရွာရှိ ပျူစောထီးစခန်းဝင်တိုက်ခံရသဖြင့် ၅ ဦးခန့် သေဆုံး Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.