ချောက်မြို့က ကြံ့ခိုင်ရေးအဖွဲ့ဝင် မှုခင်းသတင်းထောက်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ပုံစာ - သေနတ်နဲ့ ပစ်ခံရတဲ့ တမာအိုင့်ရပ်ကွက်ထိပ်ကချောင်းပုံ( ပုံဟောင်း )

ချောက်၊ ဇန်နဝါရီ ၁၊ ၂၀၂၂။

ချောက်မြို့က မှုခင်းသတင်းထောက်တဦး ဒီဇင်ဘာ ၂၉ ရက် ည ၇ ခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၅ နယ်မြေ တမာအိုင့်ရပ်ကွက်အနောက်ကုန်းမှာနေတဲ့ ကို‌မောင်မောင်ဆိုသူဖြစ်ပြီး သူဟာ ကြံ့ခိုင်ရေးအဖွဲ့ဝင်လည်းဖြစ်ပြီး လက်ရှိမှာတော့ မှုခင်းသတင်း‌ထောက်အလုပ်ကို လုပ်ကိုင်နေသူတယောက်လည်းဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“မှုခင်းသတင်းထောက် မောင်မောင်အသတ်ခံရတာ၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကပါ၊ ကျနော်သိသလောက်က လေရုံနားလေးကအရက်ဆိုင်က မောင်မောင်ပြန်လာတာ၊ အဲဒီအရက်ဆိုင်မှာ အမြဲတမ်းသောက်နေတာ၊ အဲဒီဆိုင်ကပြန်လာပြီး တမာအိုင့်ရပ်ကွက်ထိပ်ကချောင်းမှာ အပစ်ခံရတာ" လို့သူက ပြောပါတယ်။

ကိုမောင်မောင်ကို တမာအိုင့်ရပ်ကွက်ထိပ်မှာ ကျောက်ပန်းတောင်း PDF နဲ့ ချောက် PDF ပြောက်ကျားအဖွဲ့ ၂ ဖွဲ့ပေါင်းကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ခေါင်းတချက်နဲ့ ဗိုက်တချက်ထိမှန်ခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan

ချောက်မြို့က ကြံ့ခိုင်ရေးအဖွဲ့ဝင် မှုခင်းသတင်းထောက်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး ချောက်မြို့က ကြံ့ခိုင်ရေးအဖွဲ့ဝင် မှုခင်းသတင်းထောက်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.