ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စကစရေယဉ်ပေါ်ပါ တပ်သားများက ငွေဘင်ရွာကိုမီးရှို့ဖျက်ဆီး

ဓါတ္ပုံ CJ

ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ရေယဉ်ပေါ်မှ တပ်သားများသည် ဇန်နဝါရီ ၃၁ ရက်ဒီကနေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ မင်းကင်းမြို့နယ် ငွေဘင်ရွာကိုဝင်ရောက်ကာ မီးရှို့ခဲ့ကြောင်း သိရပါတယ်။ 

မင်းကင်းမြို့နယ် ငွေဘင်ရွာတွင်အိမ်ခြေ ၂၁၀ ခန့်ရှိကာ လူဦးရေ ၉၃၀ ဝန်းကျင်ရှိရွာတွင်ရွာလုံးကြွတ်မီးရှို့ခံခဲ့ရကာ စစ်ကောင်စီတပ်သားများရောက်လာချိန်မပြေးနိုင်သူ သက်ကြီးရွယ်အိုများပါ မီးတည်းပါသွားသည်ဟု အဲ့ဒီဒေသနှင့် နီးစပ်သူတစ်ဦးထံကသိရပါတယ်။

" ငွေဘင်ရွာကို ၃ နာရီခွဲလောက်ကမီးရှို့တာမြင်ရတယ် ။အဲ့ရွာမှာအိမ်ခြေ ၂၁၀ လောက်ရှိတယ်လူဦးရေက ၉၃၀ ဝန်းကျင်ရှိတယ်။ မော်တော်ပေါ်မှာပါတဲ့ စစ်ကောင်စီတပ်သားတွေတက်ရှို့တာပါ။ တစ်ရွာလုံးနီးပါးလောင်ကုန်ပြီ။ မပြေးနိုင်တဲ့သက်ကြီးရွယ်အိုတွေပါသွားတယ်လို့သိရတယ်။

 ဘယ်နှစ်ယောက်ပါလည်းတော့မသိရသေးဘူး။ အောက်ဘက်နားကရေမိုင်းမိခဲ့သေးတယ် ။ဘယ်နှစ်ယောက်အထိနာလည်းတော့မသိသေးဘူး ။ ဟု အဲ့ဒီဒေသခံတစ်ဦးကမျက်မှောက်ခေတ်ကိုပြောပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီ၏ ရေယဉ်များသည် မင်းကင်းနယ်ပျူစောထီးများ၏ အကူညီအင်အား ၂၀၀ ခန်ဖြင့် ကနီနယ်မှ မင်းကင်းနယ်အတွင်းသို့ဒီကနေ့ဝင်ရောက်လာခြင်းဖြစ်ကာ ကနီ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများတိုက်ခိုက်မှု့ကြောင့် ရေယဉ်မီးလောင်ပျက်ဆီးမှု့ရှိခဲ့တယ်လို့လည်း ဒေသသတင်းရင်းမြစ်များကရေးသားဖော်ပြမှု့အရ သိရပါတယ်။


မျက်မှောက်ခေတ် 

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စကစရေယဉ်ပေါ်ပါ တပ်သားများက ငွေဘင်ရွာကိုမီးရှို့ဖျက်ဆီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စကစရေယဉ်ပေါ်ပါ တပ်သားများက ငွေဘင်ရွာကိုမီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 21:12 Rating: 5

No comments:

Powered by Blogger.