မန္တလေး (၆၂)လမ်းနှင့် စက်မှုပန်းခြံလမ်းတွင် ပြည်သူများအား စစ်ဆေး ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများ ဗုံးဖြင့် ပစ်ခွဲခံရ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊( ၆၂)လမ်းနှင့် စက်မှုပန်းခြံလမ်းတွင် ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေပိုင်းက ဗုံးအပစ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို မန္တလေးမြို့ပြပျောက်ကြားအဖွဲ့ Mandalay Ranger Force နှင့် YNO Mandalay PDF အဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
"ပြည်သူတွေကို မတရားစစ်ဆေး ဆက်ကြေးကောက်နေတဲ့ ကောင်တွေကို အသီးကျွေးခဲ့ပါတယ်။ ရဲတစ်ယောက် ဒလန်တစ်ယောက် ဆိမ့်သွားတယ်လို သိရပါတယ်။ နောက်ဆက်တွဲသတင်း မသိရသေးပါ"ဟု Mandalay Ranger Force က ထုတ်ပြန်ထားသည်။
ဗုံးပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ အင်အားအပြည့်နှင့်ရောက်ရှိလာပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
Tachileik News Agency
မန္တလေး (၆၂)လမ်းနှင့် စက်မှုပန်းခြံလမ်းတွင် ပြည်သူများအား စစ်ဆေး ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများ ဗုံးဖြင့် ပစ်ခွဲခံရ
Reviewed by THITHTOOLWIN
on
19:48
Rating:
No comments:
Post a Comment