မန္တလေး၊ ဇန်နဝါရီ ၃၁
မန္တလေးမြို့တွင် ယနေ့ အဖမ်းခံရသည့် ဆိုင်ကယ်များအား ချက်ချင်းပြန်လည်ရွေးယူခွင့် မပေးဘဲ အာဏာသိမ်းမှု တစ်နှစ် ပြည့် အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှသာ လာရောက်ရွေးခိုင်းကြောင်း မြို့ခံများထံကသိရသည်။
ယနေ့တွင် မန္တလေးမြို့ အနှံ့ ဆိုင်ကယ်များအား ဖမ်းဆီးခဲ့ပြီး ယခင်လုပ်ဆောင်နေကြအတိုင်း ဖမ်းဆီးသည့် နေရာ၌ပင် ဒဏ်ငွေ ပေးဆောင်ခွင့် မပြုဘဲ မနက် ၁၁ နာရီမှ ၃ နာရီအတွင်း လာရောက်ရွေးယူရန် ညွှန်ကြားထားကြောင်း မြို့ခံများကပြောသည်။
"ဆိုင်က အလုပ်သမားကလေးတစ်ယောက် အဖမ်းခံရတာ။ လူကို ဒီအတိုင်း ပြန်ခိုင်းလိုက်တယ်။ ဆိုင်ကယ်ကို ယူထားလိုက်တာ။ မနက်ဖြန်ကို မဖြစ်မနေ လာရွေးဆိုပြီး မှာလိုက်တယ်"ဟု မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့အပြင် မန္တလေးမြို့၌ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် စက်သုံးဆီအရောင်းဆိုင် အချို့က လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီမှ ၃ နာရီအထိ ဆိုင်ကယ်တစ်စီးလျှင် ဆီ ၁ လီတာ ထည့်ပေးမည်ဟုလည်း ကြေညာထားသေးသည်။
Lu Nge Khit
No comments:
Post a Comment