စေတုတ္တရာ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၂။
မကွေးတိုင်းစေတုတ္တရာမြို့နယ်၊ သက္ကကျင်းရွာအနောက်တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတွေကို ဇန်နဝါရီလ ၂၄ရက်နေ့နေ့လယ်က စောင့်ကြိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီ ၆ ဦးသေကာ ၁၂ဦးပြင်းထန်ဒဏ်ရာရရှိပြီး တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ PRA-မကွေး ရဲ့တာဝန်ရှိသူက ပြောပါတယ်။
နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတာကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြတာလို့ သိရပါတယ်။
"မနေ့ကတိုက်ခိုက်မူက စောင့်ကြိုတိုက်ခိုက်တာပါ အင်အား ၇၀ နီးပါးစစ်ကြောင်းကို ကနဦးမိုင်းခွဲတိုက်ပါတယ်။ ပြီးတော့မှအပြန်အလှန်ပစ်ခတ်ကြတာပါ။ ကျည်အိမ်နဲ့ ကျည်ခွံအချို့ သိမ်းဆည်းမိပါတယ်"လို့ People's Revolution Alliance (PRA -Magway) က ပြောပါတယ်။
တိုက်ခိုက်မှုအပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီဟာ စခန်းချနေတဲ့ သက္ကကျင်းရွာကိုပြန်ဆုတ်ခွာသွားတယ်လို့ သိရပြီး PRA ရဲဘော်တွေကတော့ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment