(ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် တိတ်ဆိတ်ခြင်းသပိတ်နေ့တွင် တွေ့ရသည့် ပခုက္ကူမြို့တွင်း တစ်နေရာ) |
မကွေးတိုင်း ပခုက္ကူမြို့ တပ်မလမ်းရှိ စစ်ကောင်စီလက်ပါးစေ ရဲကင်းတစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(Earthquake People's Defence Force - UG)နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့(ဇန်နဝါရီ ၂၁)ထုတ်ပြန်သည်။
ယနေ့ညနေ ၄ နာရီခွဲခန့်တွင် တပ်မလမ်းရှိ ရဲကင်းစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
"မိမိတို့ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါကြောင်းနှင့် စခဘက်မှ သေဆုံးမှုများရှိခဲ့ပြီး သေဆုံးမှုစာရင်းအတိအကျအား အသေးစိတ်စုံစမ်းဆဲဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်"ဟု Earthquake People's Defence Force - UG အဖွဲ့က အသိပေးထားသည်။
Earthquake People's Defence Force - UG နှင့် Defense Team Pakokku ၊ Young Force-UG တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ ၁၆ ရက်ညနေပိုင်းကလည်း ပခုက္ကူမြို့ (၁၁)ရပ်ကွက် ၆လမ်း ယောထိပ်တန်းအနီးရှိ အထည်ဆိုင်တစ်ဆိုင်ပျူစောထီးနှင့် စစ်တပ်သတင်းပေးဒလန်များပြုလုပ်သည့် လျှို့ဝှက်အစည်းအဝေးနေရာအား ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်။
People's Spring
No comments:
Post a Comment