လေးကေကော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများစတင်မှုနှင့်အတူ မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ဇန်နဝါရီ ၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် လေးကေကော်မြို့သစ် ဗျူးပွိုင့်အနောက်ဘက် ရသေ့ဂူကျေးရွာဘက်သို့ ယနေ့ဇန်နဝါရီ ၁ရက် ၊ နံနက် ၆နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်များ မှ မော်တာစိန်ပြောင်း လက်နက်ကြီးများ စတင်ပစ် ခတ်နေသဖြင့် KNU တပ်မဟာ ၆ နယ်မြေ၊ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များနှင့် မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာနေရာမှာ ဖလူကြီး ၊ ရသေ့ဂူ၊ လေးကေကော် ကျေးရွာချင်းဆက် လမ်းပိုင်းရှိ ရသေ့ဂူ ကုန်းနေရာနှင့် လေးကေကော် ဗျူးပွိုင့်အနီး စွယ်တော်ကုန်းဟုခေါ်သော စစ်ကောင်စီအမြှောက်ကုန်းစစ်စခန်းတို့ အကြား နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေသည့် အခြေအနေဖြစ်သည်။ 

အဆိုပါ ရသေ့ဂူ စခန်းနေရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အိမ်စီးကားဖြင့် စစ်ကောင်စီတပ်များ တပ်ဖျောက်နယ်ကျော် ရွှေ့ပြောင်းဝင်ရောက်လာစဥ် တပ်ခွဲမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးအား KNLAတပ်ဖွဲ့ များမှ လူ၊ လက်နက်ခဲယမ်း ၊အသုံးပြုယာဥ်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။ 

ထို့ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်များဘက်မှ ၎င်းရသေ့ဂူ စခန်းကုန်းနေရာ ဘက်သို့ ဒီဇင်ဘာ ၂၉ရက် မှ ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ နေ့စဥ် မြေပြင်တပ်များမှ ပစ်ခတ်ခြင်း၊ မြဝတီမြို့ ဘက် ပြည်သူ့စစ်ကုန်းများ ၊ ကျောက်ဂူဘုရားတောင် စစ်ကောင်စီစခန်း၊ စွယ်တော်အမြှောက်ကုန်းများ မှ 60mm၊ 81mm၊ 120mm မော်တာစိန်ပြောင်းများဖြင့် နေ့စဥ်ရက်ဆက် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု သိရသည်။

အဆိုပါ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေမှုကြောင့် ဒေသခံများ၏ ပဲခင်း၊ ပြောင်းခင်း၊ တောင်ယာကုန်းများနှင့် နေအိမ်အဆောက်အအုံ အများအပြား ပျက်စီးနေကြောင်း စစ်ရှောင်စခန်းအတွင်း စစ်ဘေးရှောင် ရသေဂူ ရွာသား ပြောစကားအရ သိရသည်။

Karen Information Center -KIC 

Photo_ Kahsaw Wah (KIC)



လေးကေကော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများစတင်မှုနှင့်အတူ မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ လေးကေကော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများစတင်မှုနှင့်အတူ မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.