မင်းတုန်းတိုက်ပွဲတွင် ဗိုလ်မှူးတဦးအပါအဝင် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံး ဘုရားကျောင်းတကျောင်းနှင့်နေအိမ်များမီးရှို့ကာ ဗုံးများထောင်သွား


မင်းတုန်း၊ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တိုက်ပွဲတွင် ဗိုလ်မှူးတဦးအပါအဝင်(၇) ဦးထိ ကျဆုံးမှုရှိလာနေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာရှိ ဘုရားကျောင်းတကျောင်းနှင့် နေအိမ်များကို မီးရှို့သွားကြောင်း PDF အဖွဲ့များထံကသိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လည်အထိ ထပ်မံအတည်ပြုချက်များအရ မင်းတုန်းမြို့နယ်၊ ဇာလီကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်မှူးတဦးအပါအဝင် စစ်သား၊ ရဲသား(၇) ဦးထိ ကျဆုံးလာနေခြင်းဖြစ်ပြီး PDF အဖွဲ့များဘက်မှ ၁ ဦးကျဆုံးကာ၊ ၁ ဦးအဆက်သွယ်ပြတ်တောက်နေခြင်းဖြစ်သည်။

"ဒီမနက်သတင်းအရ သူတို့ဘက်က ခုနှစ်ဦးကျတယ်။ ဗိုလ်မှူးတဦးပါတယ်။ ကျမတို့ဘက်က စခန်းပြာကျသွားတယ်။ ရွာကနေအိမ်ခြောက်လုံးမီးရှို့သွားတယ်။ ကျန်တဲ့အဖွဲ့သားတွေကတော့ အဆင်ပြေပြေနေရာကိုရောက်ရှိနေပြီ။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့နီးတယ်၊ ကျမတို့လည်းအဲလိုနီးနီးမှာမနေချင်ဘူး။ ဘယ်လိုမှမတတ်သာလို့ပါ။ အခုရွာမှာဖြစ်တဲ့ကိစ္စတွေ အဖမ်းခံရတာတွေအတွက် ကျမတို့မှာနာကျင်ရတယ်။ ဒီဖြစ်ရပ်မှာ ဒေသံခံတွေက ဘာမှသက်ဆိုင်ခြင်းမရှိပါဘူး" ဟု ရွှေလင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြေလတ်ဒေသ) နှင့်ချိတ်ဆက်ထားသူမဟာမိတ်တဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘုရားကျောင်းတကျောင်းအပါအဝင်၊ နေအိမ်(၁၂) လုံး မီးရှို့ခံရပြီး ဒေသခံအရှိုချင်းတိုင်းရင်းသားများ ထွက်ပြေးနေရကာ ဗုံးများထောင်သွားမှုကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိဘဲ အခြားဒေသသို့ ပြောင်းရွေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံကသိရသည်။

"ရှောင်နေတဲ့သူအားလုံးကို ကျတော်တို့ စာရင်းလိုက်မကောက်နိုင်ဘူး သေချာတာကတော့ အိမ် ၁၂ လုံးရှိတာ အဲဒါအကုန်မီးရှို့သွားတယ်။ ဘုရားကျောင်းတကျောင်းပါတယ်။ မီးရှို့သွားတဲ့နေရာတွေမှာ ဗုံးထောင်သွားတယ်။ ဗုံးတွေက အခုထိ စနစ်တံမဖြုတ်ရသေးဘူး စစ်ရှောင်တွေကအဲနေရာမှာ မနေရဲကြတော့ဘူး တခြားတနေရာကို ပြောင်းရွေ့ဖို့ စီစဥ်နေကြတယ်။" ဟု ဒေသခံတဦးကပြောသည်။ 

ယင်းတိုက်ပွဲမှာ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်(၈) နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Mindon People Revolution Force အဖွဲ့နှင့် ရွှေလင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြေလတ်ဒေသ) တို့ပူးပေါင်းစခန်းတခုကို ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်သည်။


မြေလတ်အသံ - Myaelatt Athan 

မင်းတုန်းတိုက်ပွဲတွင် ဗိုလ်မှူးတဦးအပါအဝင် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံး ဘုရားကျောင်းတကျောင်းနှင့်နေအိမ်များမီးရှို့ကာ ဗုံးများထောင်သွား မင်းတုန်းတိုက်ပွဲတွင် ဗိုလ်မှူးတဦးအပါအဝင် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံး ဘုရားကျောင်းတကျောင်းနှင့်နေအိမ်များမီးရှို့ကာ ဗုံးများထောင်သွား Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.