ဝင်းရေးမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

ဇန်နဝါရီ ၁၊ ၂၀၂၂။ ဒူးပလာယာ

ယနေ့ နေ့ခင်း (၁၁း၁၅)မိနစ်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် KNLA တပ်ရင်း(၁၆) လက်အောက်ခံ၊ တပ်ခွဲ (၃)တို့နှင့် ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ကျားမီးတိုကျေးရွာအပြင်ဘက်တွင်  ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ KNU ထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ် ကျားမီးတိုကျေးရွာသို့ တက်လာရန်တွင် အကြောင်းကြားခြင်းမရှိသည့်အပေါ်  KNLA တပ်တို့နှင့် (၅)မိနစ်ကြာ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၁)ဦးသေဆုံးကာ၊ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လွတ်ရှမ်းကျေးရွာတွင်အာဏာသိမ်းစစ်​ကောင်စီတပ်မှ   (၆)ဘီးကား တစ်ကားဖြင့် တပ်အင်အား ထပ်တိုးခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

တစ်ရက်တည်းမှာပဲ ညနေ (၅း၁၁)မိနစ်အချိန်ခန့်တွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ အကြောင်းမကြားပဲ ဝင်းရေးမြို့နယ် ခုံခံကျေးရွာ၊ နို့ဝါးဆူ့ လမ်းမကြီးတွင် KNLA တပ်ရင်း (၁၆)လက်အောက် ခံ၊ တပ်ခွဲ(၂) တပ်တို့နှင့် ထိပ်တိုက်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ ဝင်းရေးမြို့နယ်တွင် တပ်ချိန်းမှုများနှင့် စစ်ရေးလှုပ်ရှားများ ပိုမိုလှုပ်ရှားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဒူးပလာယာခရိုင် - သတင်းနှင့်ပြန်ကြားရေး

ဝင်းရေးမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား ဝင်းရေးမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.