ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပထမအကြိမ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးဟုဆို

ပုံ/  စစ်ရေးလေ့ကျင့်နေသည့် SNAKE EYES - PDF (Shwebo) တပ်ဖွဲ့ဝင်များ။

ရွှေဘို - ဇန်နဝါရီ ၂၀ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ခြမ်းရှိ သန်းတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက SNAKE EYES - PDF(Shwebo)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်သည်အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES - PDF(Shwebo)မှ တာဝန်ရှိသူတစ်ဦးက The 74 media ကိုပြောသည်။

“မိုင်းခွဲတာ မနက်တစ်ခါ၊ ညတစ်ခါခွဲတာပါ။ မနက်စစ်ကြောင်းထိုးတဲ့အချိန်နဲ့ ညပိုင်း ပြန်ဆုတ်တဲ့အချိန်မှာ နှစ်ကြိမ်မိုင်းခွဲခဲ့တာပါ။ မနက်ပိုင်းက သန်းတောရွာအနီးမှာ မိုင်းဆွဲလိုက်တာ။ အဲ့မှာ စစ်ကောင်စီဘက်က ၁၀ ယောက်သေတယ်”ဟုပြောသည်။

ထို့နောက် ညပိုင်းတွင် ပြန်လည်ဆုတ်ခွာလာသော အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ည ၈ နာရီအချိန်ခန့်က ရွှေဘိုမြို့၊ မဲတောကျေးရွာအနီးတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး မီးလောင်သွားခဲ့ကြောင်းသူက ပြောသည်။

“သူတို့(စစ်ကောင်စီ) ကားသုံးစီးနဲ့လာတာ။ဖောကား (FAW)နှစ်စီးနဲ့ အိမ်စီးကားတစ်စီး။ ဖောကားတစ်စီး မိုင်းထိပြီး မီလောင်သွားတယ်။ ဖောကားတစ်စီးမှာ ၃၀ ဝန်းကျင်လောက်ပါတယ်”သူက ပြောသည်။

ဒုတိယအကြိမ်မိုင်းခွဲတိုက်ခိုက်မှုတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မည်မျှရှိသည်ကို အတည်မပြုနိုင်သေးကြောင်း သူကပြောသည်။

နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီစစ်ကြောင်းသည် ရွှေဘိုမြို့ ပလိုင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ရွှေဘိုမြို့အတွင်း မီတာကြေးကောက်ခံရန် လာရောက်သော စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီ ၅ ရက်နေ့က SNAKE EYES - PDF မှ မိုင်းကိုးလုံးဖြင့် တိုက်ခိုက်ခဲ့သည်။


The 74 Media 

ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပထမအကြိမ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးဟုဆို ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပထမအကြိမ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးဟုဆို Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.