မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှ ခေါင်းဆောင် ၅ဦးပစ်ခတ်ဖမ်းဆီးခြင်းခံရ


မန္တလေး၊ ဇန်နဝါရီ ၂၃ ရက်

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ Mandalay Special Task Force(MSTF)မှခေါင်းဆောင် ၅ ဦးသည် ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီ၏ပစ်ခတ်ဖမ်းဆီးမှုကိုခံခဲ့ရကြောင်းသတင်း ရရှိသည်။

ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လယ်၂နာရီခန့်တွင် MSTF၏ ခေါင်းဆောင်များကို ၎င်းတို့နေထိုင်ရာနေရာတွင် စစ်တပ်က ဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း MSTFကသတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် MSTFအနေဖြင့် ဖမ်းဆီးခံရကြောင်း အသိပေးစာထုတ်ပြန်ထားရှိသည်ကိုနေတွ့ရပြီး ၎င်းတို့အသုံးပြုနေသော Pageမှာလည်း လူမှုကွန်ရက်စာမျက် နှာတွင် တွေ့ရှိရခြင်းမရှိတော့ပေ။

“MSTFရဲ့ခေါင်းဆောင်၅ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတာ အတည်ပြုလို့ရပါတယ်ဗျ” ဟု မန္တလေးမှ တော်လှန်ရေးအဖွဲ့တစ်ခု ကအတည်ပြုပြောကြားသည်။

မန္တလေးမြို့ခံတော်လှန်ရေးသမားအချို့၏ပြောပြချက်အရ မနေ့က နေ့လယ်ပိုင်းတွင်ပုသိမ်ကြီးမြို့နယ် ‌ရန်ကင်း သာရပ်ကွက်ရှိ နေအိမ်တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပြီး MSTFအဖွဲ့ဝင်များဖြစ်‌ ကြောင်းဒီနေ့မနက်တွင် မှသိရကြောင်းဆိုသည်။

MSTFမှထုတ်ပြန်ခဲ့သောစာတွင် MSTFနှင့်ပတ်သက်သူအားလုံးရှောင်နိုင် သမျှ ဘေးကင်းရာသို့ ပြောင်းရွေ့ပေးကြရရန်အသိပေးထားပြီး၎င်းတို့အနေဖြင့် ခေါင်းဆောင်များ မရှိတော့သော်လည်း ခေါင်းဆောင်များ ချမှတ်ထားသည့် လမ်းစဉ် များကို လိုက်နာပြီး နှစ်ဆပိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေငြာထားသည်။


Ayeyarwaddy Times 

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှ ခေါင်းဆောင် ၅ဦးပစ်ခတ်ဖမ်းဆီးခြင်းခံရ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှ ခေါင်းဆောင် ၅ဦးပစ်ခတ်ဖမ်းဆီးခြင်းခံရ Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.