တန့်ဆည်မြို့နယ်တွင် စကစအဖွဲ့များက စစ်ကြောင်း သုံးကြောင်းခွဲကာ တောနင်း
သုဿာန်အနီး ကောက်လှိုင်းစည်းနေသော တောင်သူနှစ်ဦး သေနတ်နှင့် ပစ်ခံရပြီး တစ်ဦး ဒဏ်ရာရ
MFP ၊ ဒီဇင်ဘာ - ၃၁
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ စကစအဖွဲ့များက စစ်ကြောင်းသုံးကြောင်းခွဲကာ တောနင်းနေကြောင်း သတင်းရရှိသည်။
ယနေ့ ဒီဇင်ဘာ (၃၁) ရက် နံနက် (၈) နာရီအချိန်တွင် ရေဦးမြို့နယ် အင်တောကျေးရွာမှ လာသောစကစအဖွဲ့သည် ရွာသာယာကျေးရွာမှ စကစတပ်များနှင့် ပူးပေါင်း၍ တန့်ဆည်မြို့နယ်တွင်းသို့စစ်ကြောင်း သုံးကြောင်းခွဲကာ တောနင်းနေကြောင်း တန့်ဆည်မြိူ့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
" စကစတပ်တွေက ငနူချောင်းကျေးရွာ ကျော်ခဲ့ပြီးနောက်တွင် တန့်ဆည်မြို့နယ် ကုန်းရိုးကျေးရွာသုဿာန် ရပ်နားခဲ့ပြီး စစ်ခွေးများမှ ယင်းသုသာန် အနီးတွင် ကောက်လှိုင်းစည်းနေသော တောင်သူနှစ်ဦးအား လှမ်းပစ်ရာ ထိုနှစ်ဦးအနက် တစ်ဦးမှာကျည်ထိပြီး ထိုနေရာတွင်သာ ကျန်ရစ်ခဲ့ကြောင်းနှင့် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကနဦး သိရှိရပါတယ် " ဟု တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
တန့်ဆည်မြို့နယ်သို့ ယနေ့မနက်ထိုးစစ်ဆင်လာသည့် စကစတပ်အင်အားမှာ ကုန်းရိုးကျေးရွာအနီး (၅၀) ခန့်ရှိနေပြီး အင်အား (၁၀၀) ကျော်ခန့်မှာ သပြေရင်းရွာထဲသို့ သေနတ်များ ပစ်ဖောက်ဝင်ရောက်နေကြောင်း ဒေသခံတို့က ဆိုသည်။
စကစတပ်များ ဝင်ရောက်သည့်ရွာ အနီးနားကျေးရွာမှ မိဘပြည်သူများအနေဖြင့်ဘေးလွတ်ရာသို့ ခေတ္တရှောင်တိမ်းပေးကြပါရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့(Taze)က ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment