မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ စစ်ကောင်စီ၏ထောက်တိုင်ကမ္ဘောဇဘဏ်( KBZ )ဘဏ်ခွဲတစ်ခုအား ရှေ့ထွက်မိုင်းအသုံးပြုဖောက်ခွဲခဲ့ကြောင်း ပခုက္ကူအခြေစိုက် Earthquake People's Defence Force -UGအဖွဲ့ကသတင်းထုတ်ပြန်သည်။
ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မွန်းလွဲ ၁၂း၅၄ အချိန်က ပခုက္ကူမြို့၊ ထင်းတန်းလမ်းပေါ်ရှိ KBZ ဘဏ်ခွဲအား Earthquake People's Defence Force - UG က ရှေ့ထွက်မိုင်း အသုံးပြု၍ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ကမ္ဘောဇဘဏ်အနေဖြင့် ပြည်သူလူထု၏ သဘောထားကို အလေးထားသောအားဖြင့် မိမိတို့၏ Bank အကောင့်များကို ပြန်လည်ဖွင့်ပေးရန်နှင့် ဆက်လက်ပိတ်ပင်မှုများပြုလုပ်နေပါက မည်သူ့ကိုမျှ အသက်အာမခံ မရှိပါကြောင်း အသိပေးပြောကြားလိုက်သည်ဟု Earthquake People's Defence Force - UGအဖွဲ့က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဘဏ်အဆောက်အအုံမှာပိတ်ထားပြီး ဘဏ်ခွဲအဆောက်အအုံရှေ့တွင် ဗုံးပေါက်ကွဲခဲ့သည်ကို ရုပ်သံဗီဒီယိုဖိုင်တွင်တွေ့ရသည်။
ထိုသို့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး UG အဖွဲ့ မှ အထိအခိုက်မရှိ သက်ဆိုင်ရာစခန်းများသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော KBZ ဘဏ်များ ၊ Mytel ရုံးများကို ရှောင်နိုင်သမျှ ဝေးဝေးနေရန်ထပ်မံအသိပေးတောင်းဆိုထားသည်။
မုံရွာမြို့တွင်လည်း ယခင်ရက်ပိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီအလိုကျ ဘဏ်အကောင့်များပိတ်ပင်နေသော ကမ္ဘောဇဘဏ်ခွဲများအား ဗုံးခွဲကာသတိပေးခဲ့သည်။
People's Spring
No comments:
Post a Comment