မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ရေနံမှော်များမှ ရေနံကျင်းများအား အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများကပြောသည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၀ရက်) နံနက် ၉နာရီမှ ၁၂နာရီအချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ မြိုင်မြို့နယ်အတွင်းရှိ သပြေညိုရေနံမှော်မှ လက်ပံတိုရေနံမှော် လမ်းတစ်လျှောက်ရှိ ရေနံကျင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင် က ယနေ့သတင်းထုတ်ပြန်သည်။
"လက်ပံတို မရောက်ခင် ကြက်ဆင်က ရေနံကျင်းတွေ ချက်ဖိုတွေ မီး၀င်ရှို့တယ်။ ရွာထဲ၀င်လာတော့ ကျွန်တော်တို့ပြေး
ရတယ်။ ဒရုန်းတွေနဲ့ တောင်ပေါ်တွေ ပတ်ကြည့်တယ်ဗျာ။ လက်ပံတိုရွာအနောက်ဘက်ကပ်လျက်ရေနံကျင်းတွေကိုလည်းမီးရှို့တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၈ရက်နှင့် ၁၉ရက် ညနေပိုင်းတွင်လည်း ဝယ်တောင်မြောက်တောနှင့် သပြေညိုရေနံမြေရှိ ရေနံကျင်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အလားတူ ဇန်နဝါရီလ ၁၃ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ကျောက်ခွက်နှင့် နယ်သတ်ရေနံမှော်ရှိ ရေနံကျင်းများ မီးရှို့ဖျက်ဆီးခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ မြိုင်နယ်အနောက်ပိုင်းနှင့်မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အကြမ်းဖက်နေကာ ကျေးရွာအများအပြားလည်း မီးရှို့ဖျက်ဆီးခံထားရသည်။
People's Spring
(ဒေသခံပြည်သူများ၏ ရေနံကျင်းများကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည်)
No comments:
Post a Comment