ပုသိမ်ကညနရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့ မီးပုလင်းပစ် မီးရှို့

အာဏာသိမ်းစစ်ကောင်စီအတွက် လက်နက်ဖိုး၊ကျည်ဆံဖိုး ရှာဖွေပေးနေသည့် ဆိုသော ပုသိမ်မြို့ရှိ ကညနရုံးအား မီးပုလင်းများဖြင့် ပစ်ခတ်မီးလောင်တိုက်သွင်းခဲ့ကြောင်း ဧရာဝတီဒေသခံကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံမှတ်တမ်း ထုတ်ပြန်ကာ လူထုအား အသိပေးသည်။

ပုသိမ်မြို့ ကင်မလင်းကျွန်းလမ်းရှိ ကညနရုံးကို ယနေ့(ဇန်နဝါရီ ၁) နံနက် ၄နာရီ ၄၃ မိနစ်တွင် မီးပုလင်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကညနရုံးသည် စစ်ကောင်စီကို လက်နက်ဖိုး၊ကျည်ဆံဖိုး ရှာဖွေပေး၍ တိုက်ခိုက်ခဲ့ခြင်းဟုလည်း ဧရာဝတီဒေသ ခံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

"ကျွန်ုပ်တို့အနေဖြင့် စစ်ကောင်စီနှင့်ပတ်သက် ဆက်နွှယ်သည့် မည်သည့်ထောက်တိုင်ကိုမဆို ရှင်းလင်းဖယ်ရှား သွားမည်ဖြစ်ပြီးရုံးဌာနများ၊ဝန်ထမ်းများအနေဖြင့် ပြည်သူနှင့် တသားတည်း မရပ်တည်ဘဲစစ်ကောင်စီ၏ နောက်လိုက် အဖြစ်ဆက်လက်ရပ်တည်နေမည်ဆိုလျှင် ယခုထက် ပိုမိုသော တုံ့ပြန်မှုများသာ ရရှိခံစားရမည်ဖြစ်ကြောင်း" ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

People's Spring



ပုသိမ်ကညနရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့ မီးပုလင်းပစ် မီးရှို့ ပုသိမ်ကညနရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့ မီးပုလင်းပစ် မီးရှို့ Reviewed by THITHTOOLWIN on 05:34 Rating: 5

No comments:

Powered by Blogger.