ဒီပဲယင်းမြို့နယ်တွင် ဂဠုန်တပ်သားတို့​၏မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၅) ဦးသေဆုံး၍ (၂၀) ဦးခန့် အကျိုးအကန်းများဖြစ်ကာ ထော့နဲ့ထော့နဲ့ဖြင့်ထွက်သွား


ဇန်နဝါရီ ၃

ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့ နံနက်မှစ၍ နေ့တဝက်ကျိုးသည်အထိ Galon PDF မှ ဂဠုန်တပ်သားတို့၏ မိုင်း (၂) လုံးခွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများကြောင့် စကစတပ်သား (၅) ဦးခန့်သေဆုံးပြီး (၂၀) ဦးခန့် ဒဏ်ရာရရှိကာ အကျိုးအကန်းများဖြစ်သွားကြကြောင်း သိရသည်။

ထို့နောက် စာအုပ်ရောင်းကြမည့် အကျိုးအကန်းစကစတပ်သားများသည် ပတ်တီးအဖွေးသားဖြင့် လက်ပံမြောက်ရွာစာသင်ကျောင်းသို့ ကွေ့ပတ်သွားကြကြောင်းသိရသည်။

ယင်းနောက်တွင် " (၅) ပွဲသော မုန့်ဟင်းခါးစား အောင်နက်တို့အား မီးပူဇော်ပွဲလုပ်နေကြချိန်တွင် မစောင့်နိုင် မအောင့်နိုင်သော ဆရာတောက်တဲ့အဖွဲ့မှ မော်တာလေးလုံး၊ ဆရာအောက်ချင်းအဖွဲ့မှ ရန်ပုံခွင်းတံမြက်စည်းနှစ်ခု ပါဆယ်ထည့်ပေးကြလေရာ တနင့်တပိုးအဝစားကြလေပြီး ယခုထုတ်ပြန်ချိန်တွင် ဘုတလင်ဘက်သို့ ထော့နဲ့ထော့နဲ့ဖြင့် ယက်ကန်ကန်ရင်း တအိအိထွက်သွားကြပြီဖြစ်သည် " ဟု ဂဠုန်တပ်တော် Galon PDF မှထုတ်ပြန်သည်။


PDF Newsflash

ဒီပဲယင်းမြို့နယ်တွင် ဂဠုန်တပ်သားတို့​၏မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၅) ဦးသေဆုံး၍ (၂၀) ဦးခန့် အကျိုးအကန်းများဖြစ်ကာ ထော့နဲ့ထော့နဲ့ဖြင့်ထွက်သွား ဒီပဲယင်းမြို့နယ်တွင် ဂဠုန်တပ်သားတို့​၏မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၅) ဦးသေဆုံး၍ (၂၀) ဦးခန့် အကျိုးအကန်းများဖြစ်ကာ ထော့နဲ့ထော့နဲ့ဖြင့်ထွက်သွား Reviewed by THITHTOOLWIN on 19:46 Rating: 5

No comments:

Powered by Blogger.