ပင်းတယတွင် ရွာသား ၆ ဦးကို စစ်ကောင်စီထပ်မံဖမ်းဆီးသွား


ပင်းတယ၊ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ပင်းတယမြို့နယ်တွင် ဇန်နဝါရီလ ၂၂ရက်၊ ညပိုင်းအချိန်က ရွာသား ၆ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ပင်းတယမြို့နယ်၊ ကံသာကျေးရွာနေ ရွာသား ၆ ဦးကို ဇန်နဝါရီလ ၂၂ ရက်၊ ညပိုင်းအချိန်က စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

"ဒီတိုင်းတောင်ယာလုပ်ကိုင်စားသောက်နေကြတဲ့ ရွာသားတွေကို ဖမ်းသွားတာပါ။ နိုင်ငံရေးလုပ်တဲ့သူတွေမဟုတ်ဘဲ ဘာကြောင့်ဖမ်းတာလဲဆိုတာ မသိရသေးဘူး။ မိသားစုဝင်တွေကတော့ ရဲစခန်းကို စုံစမ်းဖို့ သွားလိုက်တယ်" ဟု ၎င်းကပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ အကြောင်းမဲ့ဖမ်းဆီးမှုများ ပိုများလာနေပြီး ၂၇ ထက်မနည်း ရှိပြီဖြစ်ကြောင်း သိရသည်။

ပင်းတယမြို့နယ်သည် စစ်တပ်အခြေစိုက်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်မရှိသည့် မြန်မာနိုင်ငံအတွင်းမှ ရှားပါးဒေသတစ်ခုဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုလည်း မရှိသလောက်နည်းပါးသည့် ဒေသတစ်ခုလည်း ဖြစ်သည်။


MeKong News - မဲခေါင်သတင်း

ပင်းတယတွင် ရွာသား ၆ ဦးကို စစ်ကောင်စီထပ်မံဖမ်းဆီးသွား ပင်းတယတွင် ရွာသား ၆ ဦးကို စစ်ကောင်စီထပ်မံဖမ်းဆီးသွား Reviewed by THITHTOOLWIN on 22:38 Rating: 5

No comments:

Powered by Blogger.