ယမန်နေ့ညက ဂန့်ဂေါ၊မြို့မ မှာ စစ်တပ်က လူတစ်ဦးကို အကြောင်းမဲ့ပစ်သတ်

ဓာတ်ပုံ- ပုံအဟောင်း

ဂန့်ဂေါ ဇန်နဝါရီ ၃၁ 

ယမန့်နေ့ ဇန်နဝါရီလ ၃၀ရက် ည ၈နာရီခွဲခန့်က ဂန့်ဂေါမြို့ မြို့မရပ်ကွက်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်တွေက ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်လိုက်ပါတယ်။ ကင်းလှည့်လာတာတွေ့လို့ အိမ်ထဲဝင်သွားရာ စစ်တပ်က အိမ်ထဲထိ ဝင်ပစ်သွားတာပါ။ 

ယခင်ရက်ပိုင်းကလည်း ဂန့်ဂေါမြို့ လေယာဉ်ကွင်းဟောင်းထဲမှာ သေဆုံးနေတဲ့အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ကြရပါသေးတယ်။ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ 


Gangaw Youths Voice


ယမန်နေ့ညက ဂန့်ဂေါ၊မြို့မ မှာ စစ်တပ်က လူတစ်ဦးကို အကြောင်းမဲ့ပစ်သတ် ယမန်နေ့ညက ဂန့်ဂေါ၊မြို့မ မှာ စစ်တပ်က လူတစ်ဦးကို အကြောင်းမဲ့ပစ်သတ် Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.