လေးကေ့ကော်မှာကျန်ခဲ့သည့်ပစ္စည်းကိုပြန်ယူသည့်စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ပိုက်ဆံတောင်း

ဓာတ်ပုံ - လေးကေ့ကော်မှထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာခဲ့သည့်ဒေသခံတွေကိုတွေ့ရစဉ်။ (Photo: Salween Press) 

ဇန်နဝါရီ ၂ ရက်နေ့၊ ၂၀၂၂ 

လေးကေ့ကော်ဒေမှာ တိုက်ပွဲဖြစ်ပွားလို့စစ်ဘေးရှောင်ရသူများ ကျန်ခဲ့တဲ့ပစ္စည်းများ ပြန်လည်ရယူတဲ့အခါ စစ်ကောင်စီလက်အောက်ခံတပ်တွေက ပိုက်ဆံတောင်းယူတာတွေရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။ 

“တိုက်ပွဲတွေနည်းနည်းအေးသွားလို့ကားတွေ ဆိုင်ကယ်တွေကျန်ခဲ့တာကို သွားယူတော့ မေတ္တာလင်းမြိုင်မှာထိုင်တဲ့ စစ်ကောင်စီတပ်တွေက ပိုက်ဆံတောင်းတယ်။ ကားတစီးကို ဘတ်ငွေတစ်သောင်းပေးရတယ်” လို့လေးကေ့ကော်ဒေသခံတစ်ဦးက ပြောပါတယ်။ 

လေးကေ့ကော်ဒေသတွင် KNLA တပ်တွေနဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒေသခံတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းကိုတိမ်းရှောင်ခဲ့ရပြီး ဒေသခံအချို့ဟာပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီမြို့သို့ပြန်လာသူတွေရှိတယ်လို့ သိရပါတယ်။ 

အဲဒီလိုမြဝတီကို ပြန်လာသူတွေထဲက တချို့သူတွေဟာ လေးကေ့ကော် ဒေသတွင်ကျန်ရှိတဲ့ပစ္စည်းတွေကိုသွားယူတဲ့အခါ စစ်ကောင်စီတပ်တွေကို ပိုက်ဆံပေးပြီးမှာ ယူလိုရတာဖြစ်ပါတယ်လို့ဆိုပါတယ်။ 


Salween Press

လေးကေ့ကော်မှာကျန်ခဲ့သည့်ပစ္စည်းကိုပြန်ယူသည့်စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ပိုက်ဆံတောင်း လေးကေ့ကော်မှာကျန်ခဲ့သည့်ပစ္စည်းကိုပြန်ယူသည့်စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ပိုက်ဆံတောင်း Reviewed by THITHTOOLWIN on 00:14 Rating: 5

No comments:

Powered by Blogger.