ပခုက္ကူ၊ ဇန်နဝါရီ ၃၁
ပခုက္ကူမြို့တွင်း၌ ဗုံး ၅ နေရာထောင်ထားခဲ့သည့်အတွက် ပြည်သူများ အပြင်မထွက်ကြရန် Young Force တပ်ဖွဲ့က ယနေ့ ကြေညာထားသည်။
ထို့ပြင် ပခုက္ကူတက္ကသိုလ်အနီး၌ ကြိုးမဲ့စပီကာဖြင့် စစ်အာဏာရှင် ကျဆုံးရေး ဒို့အရေး ၊ အလိုမရှိ စသည့် အာဏာရှင်ဆန့်ကျင်ရေး ဟစ်ကြွေးသံများ ဖွင့်လှစ်ကာ လူမဲ့သပိတ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇၀ ခန့်က စစ်ဆင်ရေးတစ်ခုအနေဖြင့် လာရောက်ရှင်းလင်းခဲ့ရသည်ဟု Young Force တပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ လူမဲ့သပိတ်ကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် နာရီ၀က်ခန့် အချက်ရေမြောက်များစွာ ပစ်ခတ်ပြီးမှသာ လူမဲ့သပိတ်၌ တပ်ဆင်ထားသည့် ဗုံးများပေါက်ကွဲခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တော်လှန်ရေးရဲဘော်များ ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်အနီးတွင် ဗုံးပေါက်ကွဲသည်ကို သိရှိသော်လည်း အသေးစိတ်ကို မသိရှိကြောင်း မြို့တွင်းအခြေအနေသည် အစစ်အဆေးများရှိသော်လည်း ပုံမှန်အခြေအနေသာဖြစ်ကြောင်း ပခုက္ကူမြို့ခံတစ်ဦးကပြောသည်။
Lu Nge Khit
No comments:
Post a Comment