ထားဝယ်မြို့မှာပစ်ခတ်ဖမ်းဆီးခံရပြီး ထားဝယ်အကျဥ်းထောင်မှာ ဒဏ်ရာနဲ့ ဖမ်းချုပ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူနှစ်ဦးကိုထောင်ဒဏ် ၁၁ နှစ်စီအမိန့်ချလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN) က ထုတ်ပြန်ပါတယ်။
သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ကိုဥာဏ်ဝင်းနဲ့ ကိုဝေယံဖြိုးတို့ကို ဒီဇင်ဘာလ ၃၀ ရက်မှာ ထောင်ဒဏ်အမိန့်ချလိုက်တာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မေလ ၃၁ ရက်က ကြက်စားပြင်ရပ်ကွက်မှာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ကိုဝေယံဖြိုးဟာ လက်မောင်းရိုးကျိုးတဲ့ဒဏ်ရာရရှိခဲ့ပြီး ထိရောက်တဲ့ဆေးကုသမှုမရှိတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။
ပေါင်မှာဒဏ်ရာရခဲ့တဲ့ ကိုဥာဏ်ဝင်းကတော့ ပြန်လည်သက်သာလာပြီး လမ်းလျှောက်နိုင်နေပြီလို့ DPPN က ထုတ်ပြန်ထားပါတယ်။
"ဒဏ်ရာရထားတဲ့အကျဥ်းသားတစ်ယောက်ကို ထိရောက်တဲ့ဆေးကုသမှုမပေးတဲ့အပြင် အခုလိုနှစ်ရှည်ထောင်ဒဏ်အထိပါချမှတ်ခဲ့တဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်ကိုအပြင်းအထန်ရှုပ်ချတယ်။နောက်ပြီး ကိုဝေယံဖြိုးရဲ့ ဒဏ်ရာအခြေအနေအတွက်လည်း အထူးစိုးရိမ်တယ်" လို့ DPPN တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သူတို့နှစ်ယောက်ဟာ ၅၀၅(က)၊ လက်နက်ကိုင်ဆောင်မှု ၁၉ (စ) ၊အကြမ်းဖက်မှု ၅၂ (က) တို့နဲ့အမှုဖွင့်ခဲ့ထားရတာဖြစ်ပါတယ်။
The Tanintharyi Times
No comments:
Post a Comment