မြိုင်၊ ဇန်နဝါရီ ၃၁
မြိုင်မြို့နယ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မမတိုင်မီ ရရာနည်းလမ်းဖြင့် အပြီးထွက်ခွာသွားကြရန် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတိပေးထုတ်ပြန်လိုက်သည်။
မြိုင်မြို့နယ် ဒေသခံဝန်ထမ်းများအနေဖြင့်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့နောက်ဆုံးထားပြီး အလုပ်မှနှုတ်ထွက်ခြင်းနှင့် CDM ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန်လည်း သတိပေးထားသည်။
အဆိုပါ သတ်မှတ်ချက်ကို လိုက်နာခြင်းမရှိပါက ရုံးသွားရာလမ်း၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ၊ စျေးသွားရာလမ်း၌ဖြစ်စေ ကျေးရွာများကို ကွင်းဆင်းသည့်အခါ၌ဖြစ်စေ မည်သည့်နေရာမှာမဆို ပစ်မှတ်ထားလုပ်ကြံတိုက်ခိုက်မည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတိပေးထုတ်ပြန်လိုက်သည်။
အလားတူ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအားလုံးကို သက်ညှာမည်မဟုတ်တော့ကြောင်း ကသာမြို့နယ် ၊ ကောလင်းမြို့နယ်၊ ဆောမြို့နယ် နှင့် ဖာပွန်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ကြေညာထားကြသည်။
Lu Nge Khit
No comments:
Post a Comment