အရာတော်ရဲစခန်းမှ မိန်းမများ ယူနီဖောင်းဝတ်ပြီး စခတ-၁၀ (အရှေ့တပ်)ထဲတွင် သေနတ်ပစ်သင်နေရ

30.12.2021(THU) | 10:00 AM

ဒီဇင်ဘာ(၃၀)ရက်၊ မနက်ပိုင်းက အရာတော်ရဲစခန်းတွင်းမှ ကားတစ်စီးပေါ်တွင် ရဲယူနီဖောင်းဝတ် အမျိုးသမီးများလိုက်ပါလျက် အရှေ့ဘက်သို့ ထွက်သွားသည်ကို မြင်တွေ့နိုင်သည်။

အရှေ့တပ်(စခတ၁၀)နှင့် နီးစပ်အသိုင်းအဝိုင်း၏ အတည်‌ပြုချက်အရ အရာတော်မြို့နယ်မှ စစ်သားမိန်းမ၊ ရဲမိန်းမများကိုပါ ယူနီဖောင်းဝတ်ပေးပြီး စစ်သင်တန်းပေးနေသည်ဟု သိရှိရသည်။ နေ့စဉ် အရှေ့တပ် စက်ပစ်ကွင်းတွင် လက်နက်ငယ်သင်တန်းများ ပေးနေကြောင်း သူကပြောသည်။

"ရဲမိန်းမတွေ ထားဦး။ ရဲအစစ်တွေတောင် သေနတ်ကောင်းကောင်းမပစ်တတ်လို့ ထပ်သင်ပေးနေတာရယ်။ အရင်နေ့ကလည်း စခန်းထဲက ရဲတွေ စခတ-၁၀ ထဲကို သင်တန်းလာကြသေးတယ်။"ဟု အဆိုပါ ကိုဖရဲသီး(အမည်လွှဲ)က ပြောသည်။ 

အရာတော်မြို့ခံများလည်း နေ့စဉ် အရှေ့တပ် စက်ပစ်ကွင်းမှ သေနတ်ပစ်ခတ်သံများ ကြားနေရသည်။ လက်နက်ငယ်များ ဆူညံစွာ ပစ်ခတ်နေလေ့ရှိသလို လက်နက်ကြီးသံများလည်း မကြာခဏ ကြားရသည်ဟု သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီမှာ အင်အားယုတ်လျော့လာသဖြင့် မိသားစုဝင်များကိုပါ ‌တိုက်ပွဲတွင် ခေါ်ယူအသုံးချမည့်ပုံပေါ်သည်ဟု ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။ 

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

အရာတော်ရဲစခန်းမှ မိန်းမများ ယူနီဖောင်းဝတ်ပြီး စခတ-၁၀ (အရှေ့တပ်)ထဲတွင် သေနတ်ပစ်သင်နေရ အရာတော်ရဲစခန်းမှ မိန်းမများ ယူနီဖောင်းဝတ်ပြီး စခတ-၁၀ (အရှေ့တပ်)ထဲတွင် သေနတ်ပစ်သင်နေရ Reviewed by THITHTOOLWIN on 04:09 Rating: 5

No comments:

Powered by Blogger.