ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းစစ်ဖို့ လုပ်နေတဲ့ အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေ နှစ်ဦးဒဏ်ရာရ


ရန်ကုန်၊ ဇန်နဝါရီ ၂ ရက်နေ့၊ ၂၀၂၂

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းစစ်ဆေးဖို့ တိုင်ပင်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့တဦးသေပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ (၁၈) ရပ်ကွက်၊ သမာဓိလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ည ၇ နာရီခွဲက ဧည့်စာရင်းစစ်ဖို့တိုင်ပင်နေတဲ့ အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့ကို အမည်မသိသူတွေက ဗုံးနဲ့ပစ်ပြီးသေနတ်နဲ့ပါပစ်ခတ်ခဲ့လို့ တဦးသေပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"ဧည့်စာရင်းမတိုင်တဲ့သူတွေကို ဖမ်းဖို့ ရုံးရှေမှာတိုင်ပင်နေတယ်။ ဗုံးနဲ့အရင်ပစ်တယ် ပြီးတော့မှ သေနတ်နဲ့ပစ်တာပါ။ တဦးက ပွဲချင်းပြီးပဲ နှစ်ဦးက အခြေအနေစိုးရိမ်ရတယ်"ဟု သူကရှင်းပြပါတယ်။

မြို့နယ်အုပ်ချုပ်ရေးပိုင်းက အမည်မဖော်လိုသူတစ်ဦးက ၁၈ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား ဗုံးနဲ့ပစ်ခတ်ပြီးနောက် သေနတ်နဲ့ပါပစ်ခတ်ခဲ့၍ တဦးသေနှစ်ဦးဒဏ်ရာရရှိသည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုပါတယ်။

သေဆုံးသူမှာ ဆယ်အိမ်မှုးနိုင်ထွေးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးတင်စိန်နဲ့ ဆယ်အိမ်မှုးအောင်သက်ပိုင်တို့မှာလည်း ပြင်းထန်သောဒဏ်ရာများရရှိကာ စစ်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သူကပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့ရာနေရာသို့ စစ်တပ်က ရောက်ရှိလာသောအခါ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကို ထပ်မံ တွေ့ရှိ၍ လုံခြုံရေးအင်အားတိုးမြှင့်လိုက်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။လက်တလောမှာ အမှတ် ၁၈ ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများမှာ စစ်တပ်နဲ့ရဲများ အင်းအားအလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးဌာနဆိုင်ရာရုံးတွေနဲ့အုပ်ချုပ်ရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး စစ်တပ်က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ပြည်သူတွေ အပြစ်မဲ့ပြည်သူအချို့ဖမ်းဆီးခံခဲ့ရတာလည်းရှိပါတယ်။


Salween Press

ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းစစ်ဖို့ လုပ်နေတဲ့ အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေ နှစ်ဦးဒဏ်ရာရ ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းစစ်ဖို့ လုပ်နေတဲ့ အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:12 Rating: 5

No comments:

Powered by Blogger.