မုံရွာ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၂။
မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးအမျိုးသမီးခေါင်းဆောင်တဦးကို ဇန်နဝါရီ ၃၀ ရက် မနေ့ည ၉ နာရီ ၄၅ မိနစ်လောက်က သုတ်သင်ခဲ့ကြောင်း ဗိုလ်စနေရှင်းလင်းရေးအဖွဲ့က သူတို့ရဲ့လူမူကွန်ယက်စာမျက်နာမှာဖေါ်ပြ ထားပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိတဲ့ ပန်းရောင်းတဲ့အလုပ်လုပ်ကိုင်သူ တောပုကျေးရွာဇာတိ ယဉ်နွယ်သိမ့်(ခ)မီးမီး ဆိုသူဖြစ်ပြီးသေနတ်နဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။
"ဗိုလ်စနေတို့အဖွဲ့ကပြောတာက မီးမီးကို သူတို့အဖွဲ့ကရှင်းလင်းခဲ့တာလို့ ပြောတယ်ဗျ မီးမီးကတော့ တောပုဇာတိပါ"လို့ ဒေသခံတဦးက အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း ပန်းရောင်းရင်းဒလန်လုပ်ကိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်လှကြည်ဆိုသူဟာ တောပုရွာအဝင် ဇရပ်မှာသုတ်သင်ခံခဲ့ရပြီး ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း တောပုရွာသားအသက် ၆၀ လောက်ရှိတဲ့သတင်းပေး ကိုငြိမ်းဆောင်လည်း ရှင်းလင်းခံရကြောင်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment