ပေါင်းတည်ဘူတာအနီး ဗုံးခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီ ၂ ဦးသေ ၃ ဦးဒဏ်ရာရ


ပေါင်းတည်၊ ဇန်နဝါရီ ၃၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ဘူတာအနီးမှာ ဒီမနက်  ၈ နာရီခွဲကျော်က ဗုံးပေါက်ကွဲပြီးစစ်ကောင်စီ ၂ ဦးသေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတဦးကပြောပါတယ်။

မီးရထားဘူတာကို ကင်းစောင့်ဖို့လာချိန်မှာ ဗုံးဖောက်ခွဲခံရတာလို့ သိရပါတယ်။

"သူတို့ကနေ့စဥ်ဘူတာကင်းစောင့်လာတယ်။ အဲအချိန်မှာ ဗုံးပေါက်တာ ၂ ယောက်သေတယ်၊ ၁ယောက်ကို ရန်ကုန်သယ်သွားတယ်။ ၂ ယောက်ကတော့ ဒဏ်ရာ ရမရမကြားမိဘူးဗုံးသံက ၂ ချက်ကြားလိုက်တယ်။ တချက်ကတိုးတယ်"လို့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတွေသေဆုံးတဲ့နေရာအနီးကို စစ်သားနဲ့ ရဲအင်အားအများအပြားလာရောက်ကာ သယ်ဆောင်သွားပြီး သေနတ်သုံးချက် ပစ်ဖောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ပေါင်းတည်မြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က တပ်ဖွဲ့ဝင်တဦးဖြစ်သူ ကိုချစ်ရိူင်းကို အောက်တိုဘာ ၂၆ ရက်နေ့မနက်က စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ကျဆုံးခဲ့ရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ပေါင်းတည်ဘူတာအနီး ဗုံးခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီ ၂ ဦးသေ ၃ ဦးဒဏ်ရာရ ပေါင်းတည်ဘူတာအနီး ဗုံးခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီ ၂ ဦးသေ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:44 Rating: 5

No comments:

Powered by Blogger.