ဇန်နဝါရီ ၃၁
ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာရုံးရှေ့နဲ့တောင်သူစုရပ်ကွက်ရှိ အကောက်ခွန်ဦးစီးဌာနရုံးအရှေ့မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ယနေ့ မနက်ပိုင်း ၉ နာရီကျော်ခန့်မှာ ဆိုင်ကယ်နဲ့လာသူ အမျိုးသား ၂ ဦးက အကောက်ခွန်ရုံးရှေ့နဲ့စည်ပင်သာယာရုံးရှေ့တွေမှာ ဗုံးပစ်ချခဲ့တာဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုတွေကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ စည်ပင်သာရုံးရှေ့မှာ ပလက်ဖောင်းနဲ့စည်းရိုးအနည်းငယ်ထိခိုက်ပျက်စီးနဲ့အကောက်ခွန်ရုံးရှေ့ စည်းရိုးအနည်းငယ်ထိခိုက်ပျက်စီးသာရှိခဲ့တာဖြစ်ပါတယ်။
"မနက်က အကောက်ခွန်နဲ့စည်ပင်ရုံးရှေ့တွေမှာ ဗုံးပစ်ခံရတယ်။ အကောက်ခွန်ရှေ့ပေါက်ပြီး မကြာဘူး။ စည်ပင်ရုံးရှေ့ထပ်ပေါက်တယ်။ ထိခိုက်မှုတွေမရှိဘူးဆိုတော့ သတိပေးတဲ့အနေနဲ့ လာပစ်သွားတာနေမယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လည်ပိုင်းက ကော့စံနိုင်ရပ်ကွက် တံတာအနားရှိ ရဲကင်း ဗုံးပစ်ခံရပြီး ရဲတပ်ဖွဲ့ ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း-သံလွင်တိုင်းမ်
No comments:
Post a Comment