ဇန်နဝါရီ - ၂
ဒရုန်း အသုံးပြုကာ စစ်ကောင်စီ လက်နက်ကိုင်များနှင့် စစ်ယာဉ်တန်းများကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများကို တော်လှန်ရေး မဟာမိတ်များဖြစ်သော အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ ပြောက်ကျားတပ်ဖွဲ့နှင့် ပုံတောင်တိုက်ဂါးတပ်ဖွဲ့ တို့က ယနေ့ ထုတ်ပြန်သည်။
“အမဲလိုက်ခြင်း မှတ်တမ်းအချို့”ဟု ဆိုကာ ထုတ်ပြန်သော ရုပ်သံတွင် စကစ လက်နက်ကိုင်များနှင့် စစ်ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်မှုများ ပါဝင်ပြီး “မဟာမိတ်တပ်ပေါင်းစု၏ သုံးရက်ကြာ မစ်ရှင်များမှ ရိုက်ကူးမိသလောက် Video များကို စုစည်းထားတာပါ။ အခြေအနေအရ မှတ်တမ်း မတင်လိုက်နိုင်တဲ့ တိုက်ခိုက်မှုများလည်း အတော့်ကို လက်သံပြောင်ခဲ့ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျ” ဟု ဖော်ပြထားသည်။
ထို့အပြင် “မိဘပြည်သူများလည်း နှစ်သစ်မှာ မျှဝေမုဒိတာပွားရင်း PDF ရဲဘော်များကို ခွန်အားပေးကြပါအုံးခင်ဗျ။ ပြည်သူသာအမိ ၊ ပြည်သူသာအဖ ၊ ပြည်သူသာလျှင်အဓိကပါ” ဟု ဆိုထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment