မိုးဗြဲမြို့နယ် ဟိုက်ကွီရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်၊ ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရ
ရှမ်း-ကယား ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ် ဟိုက်ကွီကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီး အသုံးပြု၍ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်နေကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇန်နဝါရီ ၃ ရက်)နံနက် ၆ နာရီခန့်ကစ၍ မိုးဗြဲအခြေစိုက်အကြမ်းဖက် စစ်ကောင်စီ၏ (၄၂၂) တပ်မှ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့သည်။
"ဟိုက်ကွီရွာ မှာဖြစ်တာ။အိမ်ထဲကိုကျတာ။ ဒဏ်ရာက စိုးရိမ်ရတယ်။လွိိုင်ကော်ဆေးရုံကို ချက်ချင်းပို့လိုက်ပါတယ်"ဟု မိုးဗြဲလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယခုဖြစ်စဥ်မတိုင်မီ ယခင်နှစ်က အကြမ်းဖက်စစ် ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် မိုးဗြဲမြို့ရှိ ပြည်သူ ၁၀ဦးထက်မနည်း ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ရသည်။
"ဒီနေ့ဆိုလည်း တိုက်ပွဲလည်းရှိတာမဟုတ်ဘူး။ နေအိမ်နဲ့ ကျေးရွာထဲကို သက်သက်ကို ပစ်တာ။အရမ်းယုတ်မာကြတယ်။ကျွန်တော်တို့ကို စစ်ဘေးရှောင်စေချင်ကြတာ"ဟု ဟိုက်ကွီရွာသားတစ်ဦးက ပြောသည်။
မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးတိမ်ရှောင်နေရသည့် ပြည်သူ ၅,၀၀၀ ထက် မနည်းရှိကြောင်းလည်း မိုးဗြဲမြို့စစ်ဘေးရှောင်ကော်မတီက ဆိုသည်။
People's Spring
No comments:
Post a Comment