ဇော်မင်းထွန်း နှိပ်စက်သည့်ဒဏ်မခံနိုင်လို့ ရဲတပ်သားတဦး "ချိုမိုင်မိုင် " မဟာမိတ်တပ်ပေါင်းစုထံ လာရောက်ခိုလှုံ
ရုပ်သံ-ချိုမိုင်မိုင်
ဇန်နဝါရီ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက် အောင်ဇေ ယျကုန်းအနီးရှိ ရဲကင်းဂိတ်တွင်တာဝန်ယူနေသူ ဆိုသူနှင့်ရဲအုပ်ဇာ်မင်းထွန်း တို့၏နှိပ်စက်သည့် ဒဏ်မခံနိုင်သည့် ရဲတပ်သားတဦးမှ"ချိုမိုင်မိုင် " ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုထံလာရောက်ခိုလှုံလာကြောင်း ချိုမိုင်မိုင်တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
"ရဲအုပ်ဇော်မင်းထွန်းသည်သောက်စားမူးလာပီဆိုရင် အောက်လက်ငယ်သာကျွန်တော်ကို ဆဲတယ် ထိုးမယ်ရိုက်မယ်သတ်မယ်လို့လဲ အမြဲပြောတယ်။ ဒါကြောင့်လေးစားမှုမရှိဘူးလို့ ထွက်ပြေးလာတာ" ဟု အဆိုပါ ရဲတပ်သားတဦးက ပြောသည်။
ရဲကင်းဂိတ်မှ ရဲအုပ်ဇော်မင်းထွန်းတို့သည် စစ်ကောင်စီနှင့် ဂိတ်တွင်စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းကာပိုက်ဆံများတောင်းယူမှုတွေပြုလုပ်ပီးသောက်စားမူးရူးပြီး ထင်ရာစိုင်းအနိုင်ကျင့်နေပြီးပြည်သူများအပေါ် ခြိမ်းခြောက်ကာ ပါးရိုက်ခြင်းကအစ ပြု လုပ်နေကြောင်း ဆိုသည်။
"ချင်းတွင်းမြစ်အနောက်ဘက်အောင်ဇေယျာကုန်းအနီးရှိ ရဲကင်းဂိတ်တွင် သစ်တောရဲနှင့်နယ်မြေခံရဲတပ်သား ၁၅ ရှိပြီး စစ်ကောင်စီတပ်များနှင့်ပူးပေါင်းကာ ဂိတ်ကြေးအဓမ္မတောင်းယူမှုများရှိသည်" ဟု ၎င်း ရဲတပ်သားက ဆက်လက်ပြောသည်။
အဆိုပါရဲတပ်သားသည် ဇန်နဝါရီလ ၁၉ ရက်နေ့က လာရောက် ခိုလှုံခြင်းဖြစ်ပြီး ကရင်နီမဟာမိတ်ငါးမိုင်ဂိတ်နှင့် ဘန့်ဘွေးရွာကြား ကင်းစောင့်နေသည့် "ချိုမိုင်မိုင်" ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုရဲဘော်များအား အကူညီတောင်းခံလာသည့်အတွက် မေးမြန်းစုံစမ်းပြီးသက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ချိတ်ဆက်လွှဲပြောင်းပေးခဲ့ကြောင်း "ချိုမိုင်မိုင် " ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတဦးက ပြောသည်။
Ayeyarwaddy Times
No comments:
Post a Comment