ရန်ကုန် ၊ ဇန်နဝါရီ ၁၊၂၀၂၂
မြောက်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းကို မနေ့ညပိုင်းက ဗုံးနဲ့လာရောက်ပစ်ခတ်ခဲ့တဲ့အဖွဲ့ကို လိုက်လံဖမ်းဆီးတဲ့ စစ်တပ်နဲ့ရဲတွေ ဗုံးထိမှန်ပြီး ၁ဦးသေ၃ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ ည ၇ နာရီချိန်က မြောက်ဥက္က လာပမြိုနယ်၊ ဆရပ်ကွက်၊ ခေမာသီလမ်းပေါ်မှာရှိတဲ့ မြို့မရဲစခန်းလက်ပစ်ဗုံးလက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီး လိုက်လံဖမ်းဆီးတဲ့ ဒုရဲအုပ်တဦးနဲ့ တပ်မ ၂ တပ်ရင်း ၁၃မှ တပ်သားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်
"ဗုံးနဲ့ပစ်ခံရလို့ဆိုပြီး လိုက်ဖမ်းရင်း အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်သေးတယ် ပြီးမှ ဗုံးထပ်ပေါက်ပြီး သေကြတာ"လို့ သူကပြောပါတယ်။
ဗုံးနဲ့လာရောက်ပစ်ခတ်သူတွေကို လိုက်ဖမ်းတဲ့ စစ်သားနဲ့ရဲတွေဟာ ရဲစခန်းရှေ့ ရှိမြန်မာ့ စီးပွားရေးဘဏ်ခွဲမှာ ခိုအောင်းနေတယ်လို့ ထင်ပြီး ဝင်ရောက်ရှာဖွေရာမှာ ဗုံးပေါက်ကွဲခဲ့ရာ ဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
"ဒုရဲအုပ်က ဆေးရုံရောက်မှ သေတာ စစ်သားသုံးဦးကတော့ စစ်ဆေးရုံမှာပဲ အခြေအနေစိုးရိမ်ရရတယ် လမ်းသွားလမ်းလာပြည်သူတွေလည်း ထိသေးတယ်"လို့ သူကပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုတွင် မြောက်ဥက္ကလာရဲစခန်းမှဒုရဲအုပ် အောင်ကျော်ဦး သေဆုံးပြီး တပ်မ(၂)၊ တပ်ရင်း (၁၃)မှ တပ်သား အေးမောင်ပါ သုံးဦးထိခိုက်ဒဏ်ရာရရှိကာ စစ်ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ရဲတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာပြည်သူသုံးဦးထက်မနည်း သေနတ်ထိမှန်ခဲ့သေးတယ်လို့ ခေမာသီလမ်းမှာနေထိုင်သူတွေဆီက သိရပါတယ်။
မနေ့က ရန်ကုန်မှာ သာကေတ၊ကော့မှုးနဲ့မရမ်းကုန်းလှိုင်သာယာတို့မှာ ပစ်ခတ်မှုတွေဖြစ်ပြီး အုပ်ချုပ်ရေးမှုးတဦး၊ ရာအိမ်မှုးနှစ်ဦးနဲ့စစ်သားတဦး သေဆုံးခဲ့ပါသေးတယ်။
Salween Press
No comments:
Post a Comment