မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် ဒလန် (၂) ယောက်ထပ်မံအသတ်ခံရ မိုးကြိုးမုန်တိုင်းအဖွဲ့မှ ရှင်းလင်းခဲ့ဟုဆို


ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီအား အထောက်ကူပြုနေသော ပျူစောထီးအဖွဲ့ဝင် ဒလန်( ၂) ယောက်အား မိုးကြိုးမုန်တိုင်းအဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

မင်းကင်းနယ် ကူလဲကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်ဒီကနေ့ ၉ နာရီဝန်းကျင်က စစ်ကောင်စီအားပေး ပျူစောထီးအဖွဲ့ဝင်ဒလန် (၂)ယောက်ရှင်းလင်းခဲ့ကာ သားဖြစ်သူကပျူစောထီးဖြစ်ပြီး အမေက စစ်တပ်ကိုအထောက်ပံပေးနေသူဟု သတင်းအခိုင်အမာရရှိခြင်းကြောင့် ရှင်းလင်းခဲ့ပြီး ပြည်သူများအနေဖြင့် စစ်တပ်နှင်ပူးပေါင်းကာ သတင်းပေးခြင်း လက်နှက်ကိုင်ပျူစောထီးများနှင့်ပေါင်းသင်းဆက်စံခြင်း အထောက်ပံ့ပြုလုပ်ခြင်းများအားသတင်အတိအကျရရှိခဲ့ပါက သက်ညှာသွားမည်မဟုတ်ကြောင်းကို မိုးကြိုးမုန်တိုင်းအဖွဲ့မှ သိရပါတယ်။ 

"ဒီကနေ့မနက် ၉ နာရီလောက်ကရှင်းခဲ့တာပါ ။သားဖြစ်သူကပျူစောထီးအဖွဲ့ဝင်ပါ ။အမေက စစ်တပ်ကိုထောက်ပံ့ပေးနေသူပါဗျ ။ဒလန်စာရင်းပေါက်နေတာကြာပြီဗျ။သတင်းတိကျရင်ဘယ်သူ့မှမညှာနိုင်ဘူးကျနော်တို့အဖွဲ့က ပြည်သူလူထုကိုလည်းအထူးမှာကြားချင်တယ်။

စစ်တပ်နဲ့မပေါင်းသင်းဘို့ပျူစောထီးနဲ့မဆက်ဆံဘို့နဲ ။မထောက်ပန့်ဘို့ မှာကြားခြင်တယ်ဗျ ။ပြည်သူအချင်းခြင်းလုပ်ရတာစိတ်တော့မကောင်းဘူး ။သို့ပေမဲ့လည်းသူတို့က သတင်းပေးခြင်း ကိုယ်တိုင်ပါဝင်လက်နှက်ကိုင်းခြင်းတွေပြု့လုပ်ခဲ့ပါကမဖြစ်မနေရှင်းလင်းသွားမယ်ဟု မိုးကြိုးမုန်တိုင်းအဖွဲ့ဝင်တစ်ဦးက မျက်မှောက်ခေတ်ကိုပြောပါတယ်။

မင်းကင်းမြိုနယ် ကူလဲကျေးရွာတွင် ဒလန်အမျာဆုံး ရှင်းလင်ခံရသော ရွာတစ်ဖြစ်ကာ ကျေးရွာနေပြည်သူများမှာလည်း စပါးရိတ်သိမ်းခြင်းနှင့်တောင်သူလုပ်ငန်းများမပြုလုပ်နိုင်ဘဲ တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်နေရကာ အစားအသောက်နှင့်ဆေးဝါးများလိုအပ်နေသည်ဟု အဲ့ဒီဒေသခံတစ်ဦးကဆိုပါတယ်။


မျက်မှောက်ခေတ် 

မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် ဒလန် (၂) ယောက်ထပ်မံအသတ်ခံရ မိုးကြိုးမုန်တိုင်းအဖွဲ့မှ ရှင်းလင်းခဲ့ဟုဆို မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် ဒလန် (၂) ယောက်ထပ်မံအသတ်ခံရ မိုးကြိုးမုန်တိုင်းအဖွဲ့မှ ရှင်းလင်းခဲ့ဟုဆို Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.