တန့်ဆည်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် ပြည်သူတစ်ဦးသေဆုံး


တန့်ဆည် - ဇန်နဝါရီ ၂၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကုန်းရိုးကျေးရွာ သုဿန်အနီးတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် ပြည်သူတစ်ဦး ယနေ့နံနက်က သေဆုံးသွားကြောင်း သိရသည်။ 

စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ဘယ်ဘက်ခြေထောက်တွင် ကျည်ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာ မန္တလေးဆေးရုံတွင် သေဆုံးခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ 

"ဒီမနက် ၅နာရီမှာ ခြေထောက် သေနတ်မှန် ဒဏ်ရာနဲ့  မန္တလေးဆေးရုံမှာ သေဆုံး။ သွေးထွက်လွန်သွားတာ ဖြစ်နိုင်တယ်။ အဲ့နေ့ကလည်း သူတို့ (စစ်ကောင်စီ)တွေတစ်နာရီကျော် နားပြီး ပြန်ထွက်သွားမှ သွားကယ်ထုတ်ခဲ့ရတာပါ" ဟုပြောသည်။ 

သေဆုံးသူသည် အသက် ၅၄ နှစ်ခန့်အရွယ် ဦးမောင်ကြီးဆိုသည့် ကော်တက်ကျေးရွာဒေသခံဖြစ်ကြောင်း သူကပြောသည်။

ဦးမောင်ကြီးတို့ ညီအစ်ကို နှစ်ဦးသည် ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွှဲပိုင်းက ကုန်းရိုးကျေးရွာ သုဿန်အနီးတွင် ကောက်လိုင်းစည်းနေချိန် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးမောင်ကြီး ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ရေဦးမြို့နယ်မှ ဒေသခံပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည်။


The 74 Media 

တန့်ဆည်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် ပြည်သူတစ်ဦးသေဆုံး တန့်ဆည်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် ပြည်သူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.