ယနေ့ ညနေတိုက်ပွဲကြောင့် ဖလူးရွာသားများထွက်ပြေးနေရ

ပုံစာ - မြန်မာ- ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းပေါ်ရှိ စစ်ဘေးရှောင်များ

လေးကေ့ကော်အနီး ဖလူးကြီးရွာ၌ ယနေ့ ညနေပိုင်း၌ ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ဒေသခံပြည်သူများထွက်ပြေးနေကြရသည်ဟု သိရသည်။

ဖလူးကြီးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပူးပေါင်းတပ်များ ယနေ့ ဇန်နဝါရီလ ၃ ရက် ညနေ ၃နာရီ ကျော်ကျော်အချိန်၌ တိုက်ပွဲဖြစ်ပွားလျှက်ရှိနေသည် ။

" ရွာသားတွေ အခုပြေးနေကြရတယ်။ စစ်ရှောင်စခန်းကလူတွေကတော့ မပြေးကြသေးဘူး။ အသင့်တော့ပြင်ထားခိုင်းတယ်"ဟု ဖလူးစစ်ရှောင်စခန်းတစ်ခုမှ ကူညီပေးနေသူတစ်ဦးက ပြောသည်။ 

လေးကေ့ကော်မြို့သစ် နှင့် လေးကေ့ကော်အနီးတိုက်ပွဲများကြောင့် ဖလူးတွင် စစ်ဘေးရှောင် ထောင်ဂဏန်းအထိ ရှိခဲ့ပြီး ပထမအကြိမ် ဖလူးကြီးတိုက်ပွဲ၌ စစ်ဘေးရှောင်များမှာ သောင်ရင်းမြစ်ကို ညတွင်းချင်း ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

သံလွင်ခက် - Than Lwin Khet News

ယနေ့ ညနေတိုက်ပွဲကြောင့် ဖလူးရွာသားများထွက်ပြေးနေရ ယနေ့ ညနေတိုက်ပွဲကြောင့် ဖလူးရွာသားများထွက်ပြေးနေရ Reviewed by THITHTOOLWIN on 18:14 Rating: 5

No comments:

Powered by Blogger.