ဆားလင်းကြီးနှင့် ဒီပဲယင်းမြို့နယ်တို့တွင် စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ စကစတပ်သား (၁၀) ဦးထက်မနည်းသေဆုံး၊ (၄) ဦးစာအုပ်ရောင်း
ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းအား ယနေ့ မနက် ၃ နာရီခွဲအချိန်တွင် မုံရွာခရိုင်တပ်ရင်း (၂) Chindwin Attack Force နှင့် ဆားလင်းကြီး GZ Local PDF တို့ပူးပေါင်း၍ လက်ပစ်ဗုံးအပါအဝင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Chindwin Attack Force မှထုတ်ပြန်ချက်အရသိရသည်။
အလားတူ ဒီပဲယင်းမြို့နယ်တွင်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ဂဠုန်တပ်တော်မှတပ်သားတစ်ဦးနှင့် ဒေသခံ PDF တစ်ဦးတို့ပူးပေါင်း၍ ရွှေဒါးကန်တံတားအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၄) ဦး ဒဏ်ရာရရှိ၍ စာအုပ်ရောင်းကြတော့မည်ဟု ဂဠုန်တပ်တော် Galon PDF ကထုတ်ပြန်သည်။
PDF Newsflash
ဆားလင်းကြီးနှင့် ဒီပဲယင်းမြို့နယ်တို့တွင် စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ စကစတပ်သား (၁၀) ဦးထက်မနည်းသေဆုံး၊ (၄) ဦးစာအုပ်ရောင်း
Reviewed by THITHTOOLWIN
on
00:35
Rating:
No comments:
Post a Comment