မိနစ် ၂၀ ခန့်သာကြာမြင့်ခဲ့သော ချောင်းဝရွာအနီးတိုက်ပွဲတွင် စကစတပ်သား (၅) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ
ဇန်နဝါရီ ၃၊ PDF Newsflash
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ချောင်းဝရွာအနီးတွင် ယမန်နေ့ မနက် ၁၀ နာရီဝန်းကျင်က မြို့လှ PDF၊ KIA ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ စကစတပ်သား (၅) ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
" စကစတပ်မ (၈၈) လက်အောက်ခံ ခမရ (၄၁၆) တပ်ရင်းမှူးထွန်းရန်နိုင် ဦးဆောင်သော အင်အား (၇၂) ဦးခန့်သည် မိုးတားလေးရွာ၏အထက်ဖက် ချောင်းဝရွာသို့ ခြေလျှင်ထွက်ခွာလာစဥ် ဆင်ကုန်တိုင်ရွာအမြီးအရောက်တွင် မြို့လှ PDF နှင့် KIA ပူးပေါင်းအဖွဲ့တို့ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် " ဟု မြို့လှ PDF ကထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် မြို့လှ PDF တပ်ခွဲ (၂) မှ ဗိုလ်ဇာမဏီ ဦးဆောင်ပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် (၂၀) ခန့်သာ ကြာမြင်ခဲ့ပြီး စကစတပ်သား (၅) ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်း စကစဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း မြို့လှ PDF မှရဲဘော်များ အထိအခိုက်မရှိ ထွက်ခွာနိုင်ခဲ့ကြောင်းသိရသည်။
PDF Newsflash
No comments:
Post a Comment