စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ သတ်မှတ်ရက်အတွင်း တာဝန်မှ နှုတ်ထွက်ကြရန် ဇေယျာညီနောင်အဖွဲ့မှသတိပေး
ဇန်နဝါရီလ ၂၊ ၂၀၂၂
စစ်ကိုင်းမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်ကြရန် ဇေယျာညီနောင် ပြောက်ကျားတပ်ဖွဲ့မှ အလေးအနက် သတိပေးထားပါတယ်။
သတ်မှတ်ထားသည့်ရက် ကျော်လွန်တဲ့အထိ ဆက်လက်တာဝန်ထမ်းဆောင်နေမယ်ဆိုပါက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအားပြည်သူလူထု၏ ဘုံရန်သူ အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ အပေါင်းအပါအဖြစ် သတ်မှတ်၍ စာရင်းပြုစု၍ တဦးမကျန် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ၎င်းတို့ မိသားစုဝင်များ၏ အသက်အိုးအိမ် စည်းစိမ်များပါ ထိခိုက်ပျက်စီးနိုင်ပါကြောင်း ကြိုတင် သတိပေးထုတ်ပြန်ထားပါတယ်။
ဇေယျာညီနောင် ပြောက်ကျားတပ်ဖွဲ့၏ သတိပေးချက်အပေါ် အထူးအလေးဂရုပြုကြရန်နှင့် သတ်မှတ်ရက်အတွင်း ရာထူးမှ နှုတ်ထွက်ခြင်းမပြုပါက မည်သည့်နေရာအထိ တိမ်းရှောင်ပုန်းအောင်းသည် ဖြစ်စေ လိုက်လံ သုတ်သင် ရှင်းလင်းခံရမည် ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Yesagyo Township Info Committee
No comments:
Post a Comment