ကရင်နီပြည် (ကယားပြည်နယ်) ဒီးမော့ဆိုမြို့၊ ငွေတောင်ဆည်လမ်းဆုံအနီးတွင် အခိုင်အမာတပ်စွဲမည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)များနှင့် မဟာမိတ်(PDF)ပူးပေါင်းတပ်အပါအဝင် KA နှင့်KNDF တော်လှန်ရေးအင်အားစုတပ်များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရာ ၃ ရက်ဆက်တိုက် အပြင်းအထန်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက် တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်သည့်အတွက်အကြမ်းဖက်စစ်ကောင်စီဘက်မှဒုတိယဗိုလ်မှူးကြီး ၁ တစ်ဦးအပါအဝင် အရာရှိစစ်သည် ၃၀ ကျော် သေဆုံးခဲ့သည်ဟု DMO-PDF ကယနေ့ ဇန်နဝါရီလ ၂ ရက်တွင်ဖော်ပြထားသည်။
ထို့နေ့တိုက်ပွဲ၌ အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အချက်ရေရာချီအထိပစ်ကူခဲ့သည့်အပြင် တိုက်လေယာဥ် ၂ စီးဖြင့်လည်းပစ်ကူယူကာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ စခန်းစွန့်ခွာထွက်ပြေးရာကို ပြည်သူ့ကာကွယ်ရေးတပ်များက လိုက်လံရှင်းလင်းရာတွင် စစ်ကောင်စီတပ်၏ အသုံးအဆောင်ပစ္စည်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တွင်လည်း DMO-PDF များဦးဆောင်ကာ တိုက်ပွဲများဆက်လက်ဖော်ဆောင်ခဲ့သည်။
ဒီးမော့ဆိုတွင် ၃ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရသူများစွာရှိပြီး မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်(လွိုင်ကော်)မှ ရဲဘော် တစ်ဦး နှင့် KNDF မှရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment