အသံတိတ်သပိတ်နေ့မှာ စျေးဆိုင်တွေဖွင့်ဖို့ ချိန်းခြောက်တဲ့ မြို့နယ်စည်ပင်ရုံး ဗုံးခွဲခံရ


ပုသိမ်ကြီး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၂။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်စည်ပင်ရုံးမှာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့မနက် ၅ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့  သိရပါတယ်။ 

အဲ့ဒီရုံးက ဝန်ထမ်းတွေအနေနဲ့  ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆိုင်တွေမပိတ်ကြဖို့ စျေးသည်တွေကို ခြိမ်းခြောက်တာတွေရှိနေတာကြောင့် ခုလိုဖောက်ခွဲသတိပေးခဲ့တာဖြစ်တယ်လို့ Patheingyi Revolution Force – PRF ရဲ့ တာဝန်ခံက ပြောပါတယ်။ 

"ဗုံးတလုံးနဲ့ဖောက်ခွဲလိုက်တာ၊ သူတို့ကစစ်ကောင်စီနဲ့ပေါင်းပီး ဖေဖော်ဝါရီ ၁ ရက်နေ့ကို စျေးဆိုင်တေကိုအတင်းဖွင့်ဖို့ ခြိမ်းခြောက်တာတွေလုပ်တယ်။ ပြီးတော့ မဖွင့်ရင်ထောင်ချမယ်၊ ဖမ်းမယ်နဲ့ပြည်သူကို အမျိုးမျိုးစိတ်ဒုက္ခပေးနေတာ၊" လို့ သူကဆက်ပြောပါတယ်။

ဒီဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်ဆီးမှုရှိမရှိကိုတော့ အတိအကျမသိရသေးပါဘူ။ PRF အနေနဲ့ ခုလို စစ်ကောင်စီနဲ့ ပက်သက်တဲ့ စစ်ကောင်စီထောက်တိုင်ဌာနဆိုင်ရာတွေကို သတိပေးဖောက်ခွဲတာ အကြိမ် ၂၀ လောက်ရှိပြီလို့လည်း PRF ရဲ့ တာဝန်ခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ဖြန်ဆိုရင် စစ်တပ်ကအာဏာသိမ်းတာ တနှစ်ပြည့်ပြီဖြစ်တဲ့အတွက် အဲ့ဒီနေ့မှာ ပြည်သူတွေကို  အသံတိတ်သပိတ် − Silent Strike မှာ ပါဝင်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးနှိုးဆော်ထားတာလည်းဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan

အသံတိတ်သပိတ်နေ့မှာ စျေးဆိုင်တွေဖွင့်ဖို့ ချိန်းခြောက်တဲ့ မြို့နယ်စည်ပင်ရုံး ဗုံးခွဲခံရ အသံတိတ်သပိတ်နေ့မှာ စျေးဆိုင်တွေဖွင့်ဖို့ ချိန်းခြောက်တဲ့ မြို့နယ်စည်ပင်ရုံး ဗုံးခွဲခံရ Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.