စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရေယာဥ်အုပ်စုမှ ဒေသခံပြည်သူများ၏ နေအိမ် ၄၂ လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကနီ PDF က ထုတ်ပြန် ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၃ နာရီခန့်တွင် ကနီမြို့နယ် မုဌော အရှေ့ရွာရှိ လူနေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၉း၃၀ အချိန်တွင် ကနီမြို့နယ် ၊ နတ်ကြီးရွာမှ လူနေအိမ် ၃၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု People's Defense Force Kani က ကနဦး သတင်းထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News
ကနီမြို့နယ် ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသော စစ်ကောင်စီတပ်က နေအိမ် ၄၂ လုံးမီးရှို့ဖျက်ဆီး
Reviewed by THITHTOOLWIN
on
22:47
Rating:
No comments:
Post a Comment