လွိုင်ကော်မြို့ပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ဘိုးဘွားရိပ်သာမှ အဘိုး ၁ ဦးအပါအဝင် ၃ ဦးသေဆုံး


လွိုင်ကော်၊ ဇန်နဝါရီ ၂၀ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့ (ဇန်နဝါရီ ၁၉ ရက်) ည ၉နာရီဝန်းကျင်ကစ၍ စစ်ကောင်စီတပ်နှင့်ဒေသခံကရင်နီ မ ဟာမိတ်တပ်ဖွဲ့များအကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့်ပစ်ခတ်သဖြင့် လွိုင်ကော် ဘိုးဘွားရိပ်သာမှ အသက် ၆၀ ကျော် အဘိုးတဦး လက်နက်ကြီးအသံကြောင့်လန့်၍သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

'' ညက တိုက်ပွဲဖြစ်တာ တနာရီကျော်လောက်ကြာတယ်။ စစ်တပ်ကလက်နက်ကြီးတွေနဲ့အဆက် မ ပြတ်ပစ်တယ်။ ဘိုးဘွားရိပ်သာက အဘိုးတယောက် ကလက်နက်ကြီးအသံနဲ့လန့်ပြီးဆုံးသွားတယ်။ ကျန်တဲ့ဒေသခံ ၂ယောက်လည်းသေဆုံးတယ်။ သူတို့အလောင်းတွေကိုတော့ ဒီမ နက်မှတွေ့တာ'' ဟု လွိုင်ကော်မြို့ လူမှုကယ်ဆယ်ရေးအ သင်းအဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါအချိန်တနာရီကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ အ ကြား နှစ်ဘက်ထိခိုက်မှုကိုမသိရှိရသေးပါ။

စစ်ကောင်စီနှင့်ဒေသခံကရင်နီတပ်ဖွဲ့များနှင့်ပြည်သူ့ကာ ကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့သည် ဇန်နဝါရီလဆန်းပိုင်းကစ၍ ကရင်နီပြည်နယ်ဒီး​မော့ဆို၊ဖရူဆို၊လွိုင်ကော်မြို့ နယ် များတွင် တိုက်ပွဲများစတင်ပြင်း ထန်လာခဲ့ပြီး စစ်ကောင် စီဘက်မှ အဆိုပါမြို့လူနေရပ်ကွက်များပေါ်သို့ လေယာဥ်ဖြင့်ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းလုပ်ဆောင်နေ ကြောင်းသိရသည်။

ထို့ပြင် ​စစ်ကောင်စီတပ်မှ မြို့ပေါ်လူနေရပ်ကွက်များ ပေါ်သို့သာမက စစ်ဘေးရှောင်စခန်းများကိုပါ လေယာဥ်ဖြင့်ဗုံးကျဲတိုက်နေသဖြင့် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ဒုက္ခသည်များပါ သေဆုံးနေရ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။


Ayeyarwaddy Times 

လွိုင်ကော်မြို့ပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ဘိုးဘွားရိပ်သာမှ အဘိုး ၁ ဦးအပါအဝင် ၃ ဦးသေဆုံး လွိုင်ကော်မြို့ပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ဘိုးဘွားရိပ်သာမှ အဘိုး ၁ ဦးအပါအဝင် ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.