ဇန်နဝါရီ ၃၊
မတူပီမြို့တွင် "အဓိက ကCDM ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးထိန်းသိမ်းနေတာကြောင့် CDM တွေအနေနဲ့ ခေတ္တရှောင်ပုန်းနေရတာတွေရှိပါတယ်"လို့ CDM ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။
နောက်ပြီး လူငယ် လူလတ်ပိုင်း တွေကိုလည်း နေ့စဉ်ရှာဖွေ ဖမ်းဆီးနေပြီး အရေအတွက်ကတော့ တိတိကျကျ မသိရှိနိုင်ပါဘူး အချို့လူတွေတော့ တစ်ညထိန်းသိမ်းပြီး နောက်နေ့ပြန်လွတ်ပေးတာတွေ လည်းရှိနေပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲ အဆိုးဆုံးကတော့လသား အရွယ်ကလေးငယ်နှင့်မိခင်ကို CDM ကိစ္စကြောင့် ထိန်း သိမ်းခံရတာပါပဲ။မတူပီ အ ထ က (၁)စာသင်ကြောင်းဖွင့်လှစ်နိုင်ရန်ဖိအားပေး လာတာကြောင့် အ ထ က (၁)မှကျောင်းဆရာ/ဆရာမ အများစုဟာလည်း ရှောင်တိမ်းနေကြရပါတယ်။
တစ်အိမ်ဝင် တစ်အိမ်ထွက် လုပ်ပြီး လူကိုတိတိကျကျ ဖမ်းနိုင်တာဟာ ဒံလန်တွေကြောင့် ဖစ်မယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။
အချို့လူငယ် လူကြီးတွေအနေနဲ့ ကျေးရွာဘက်သို့ သွားလာချင်သော်လည်း မအလ စစ်သားတွေက မြို့အဝင်အထွက်များ ကို ပိတ်ဆို့ ထားခြင်းကြောင့် အခက်ခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ပြည်သူတစ်ဦးမှာ သတ်ဖြတ်ခံရသည်ဟု ကြားသိရသော် လည်း မိမိတို့ Matupi Revolution News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါခင်ဗျာ။
Crd - ကုလာတန် ပိုစ်
Matupi Revolution News
No comments:
Post a Comment