ဖေဖော်ဝါရီ (၁)ရက်နေ့ဆိုင်ပိတ်ပါက တိုက်ခိုက်မည်ဟု ပျူစောထီးအဖွဲ့ မော်လမြိုင်တွင် ကြေငြာ

ဓါတ်ပုံ - CJ



မော်လမြိုင်၊ ဇန်နဝါရီ ၃၁

ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပိတ်သည့်ဆိုင်များကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်မည်ဟုရေးသားထားသောစာရွက်များကို ပျူစောထီးအဖွဲ့က မော်လမြိုင်မြို့က ဈေးတွေမှာ ဒီမနက်ပိုင်းကစပြီး လိုက်လံကပ်နေတယ်လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

အဆိုပါစာတွင် ပျူစောထီးတပ်ဖွဲ့ဟုဆိုကာအကြမ်းဖက်ထောက်ခံသူများ သိစေရန်ဟု ခေါင်းစဉ်တပ်ထားပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပိတ်မည့်ဆိုင်များကို တုန့်ပြန်တိုက်ခိုက်ရန် သတိပေးဖော်ပြချက်များ ရေးသားထားပါတယ်။

မော်လမြိုင်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ တိတ်ဆိတ်ခြင်းသပိတ်ကို မပြုလုပ်နိုင်ရန် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့တွေက မြို့အနှံ လှည့်လည်ကာ ကြေငြာခြင်း၊ ကွမ်းယာဆိုင်ပါမကျန် အတင်းအကြပ်လက်မှတ်ထိုးခိုင်းခြင်း၊ ဆိုင်များကို မှတ်တမ်းယူခြင်းတို့အပြင် ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ယခုနောက်ဆုံးလှုပ်ရှားမှုတခုအနေဖြင့် ပျူစောထီးတပ်ဖွဲ့ဟုဆိုတာ အများပြည်သူကို တိုက်ခိုက်တုန့်ပြန်မည်ဟု ကြေငြာလာခဲ့ခြင်းလည်းဖြစ်ပါတယ်။


သတင်း - သံလွင်တိုင်းမ်


ဖေဖော်ဝါရီ (၁)ရက်နေ့ဆိုင်ပိတ်ပါက တိုက်ခိုက်မည်ဟု ပျူစောထီးအဖွဲ့ မော်လမြိုင်တွင် ကြေငြာ ဖေဖော်ဝါရီ (၁)ရက်နေ့ဆိုင်ပိတ်ပါက တိုက်ခိုက်မည်ဟု ပျူစောထီးအဖွဲ့ မော်လမြိုင်တွင် ကြေငြာ Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.