ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ တစ်နေကုန် ပြင်းထန်စွာဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-PDF (လွိုင်ကော်)ကသတင်းထုတ်ပြန်သည်။
နံနက် မှ ည မှောင်ရီပျိုးချိန်ထိပြင်းထန်စွာဖြစ်ပွားခဲ့သောတိုက်ပွဲတွင်လွိုင်ကော် PDF / ဒီးမော့ဆို PDF / KA / မိုးဗြဲ PDF / ဖယ်ခုံ PDF / KNDF / KGZ စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့တပ်များ၏ ချေမှုန်းတိုက်ခိုက်မှု ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အပျက်အစီး များစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများသောကြောင့် အကြမ်းဖက်အုပ်စုသည် လက်နက်ကြီးအင်အား အလွန်အကျွံသုံးခြင်း၊ တင့်ကားများဖြင့် တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်များပင် အသုံးပြုကာ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း PDF-လွှိင်ကော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ (ဒီဇင်ဘာ ၃၁)ည ၁၁ နာရီတွင် ထုတ်ပြန်သည်။
လွိုင်ကော် PDF မှ ရဲဘော် (၈) ဦးမစိုးရိမ်ရသော ဒဏ်ရာ များရခဲ့ကြပြီး၊အခြား မဟာမိတ်တပ်များမှလည်း အချို့ရဲဘော်များ ဒဏ်ရာ ရရှိမှု အချို့ ရှိသည်ဟုပါရှိသည်။
ယခုတိုက်ပွဲတွင် အကြမ်းဖက်စစ်အုပ်စုမှ ကျဆုံးမှု များပြားကြောင်းကို မြေပြင်ရဲဘော်များမှ အတည်ပြုနိုင်သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ပါ ဟု လွှိင်ကော် PDFက ထုတ်ပြန်သည်။
People's Spring
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းနေကြစဥ်) ဓါတ်ပုံ-PDF-လွိုင်ကော်
No comments:
Post a Comment