တောင်တွင်းကြီးမှာ ပျူစောထီးအဖွဲ့ဝင် ပြည်ခိုင်ဖြိုးမြို့နယ်အတွင်းရေးမှုး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး


ဇန်နဝါရီ ၁၊၂၀၂၂

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ မနေ့ညနေပိုင်းက စစ်တပ်ရဲ့အမာခံသတင်းပေးအဖွဲ့ဖြစ်တဲ့ ပျူစောထီးအဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးလူငယ်များနဲ့ဒီမိုကရေစီအရေးလှုပ်ရှာသူတွေဖမ်းဆီးနိူင်ရေးအတွက် စစ်တပ်နဲ့ရဲတွေကို သတင်းပေးနေတဲ့အတွက်ပျူစောထီးအဖွဲ့ဝင်တဦးကို သူရဲ့နေအိမ်ရှေမှာ သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်မယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သူက ပြည်ခိုင်ဖြိုးမှာ မြို့နယ်အဆင့် ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့တူ ပျူစောထီးအဖွဲ့ဝင်တဦး သူကြောင့်အဖမ်းခံရတာ မနည်းဘူး"လို့ သူကပြောပါတယ်။

သေဆုံးသူမှာ တောင်တွင်းကြီးမြို့ မောင်းတိုင်(၁) ရပ်ကွက်ရှိ ရေစက်လမ်းနေ ဦးဇော်ဇော်အောင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်သလို ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး တာဝန်ယူထားသူတဦးဖြစ်တယ်လို့ မောင်းတိုင် ၁ရပ်ကွက်နေသူတွေက ပြောပါတယ်။

သေနတ်နဲ့သုံးချက်ပစ်ခတ်ခံရပြီးသေဆုံးပြီးနောက်စစ်တပ်နဲ့ရဲတွေဟာ မောင်းတိုင်(၁)ရပ်ကွက်ရှိ လမ်းအချို့ကို စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အဆိုပါရပ်ကွက်မှာ စစ်တပ်သတင်းပေးပျုစောထီးတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလက မောင်းတိုင်၁ရပ်ကွက်လွှတ်တော်ကိုယ်စားလှယ်မိသားစုနဲ့ဒေသခံအချို့ဖမ်းဆီးခံခဲ့ရတယ်လို့ မောင်းတိုင် ၁ရပ်ကွက် နေသူတဦးက ပြောပါတယ်။

ဒါ့အပြင် မောင်းတိုင် ၁ ရပ်ကွက်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတက်လာပြီးနောက်ပိုင်း ဧပြီလကအုပ်ချုပ်ရေးမှုးရုံးမီးလောင်ခဲ့ပြီးနောက် လူငယ်အချို့ဖမ်းဆီးခံခဲ့တယ်လို့ သူကရှင်းပြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တောင်တွင်းကြီးမြို့နယ်မှာ မြို့စောင့်တပ်၊ရဲစခန်း၊ထွေအုပ်နဲ့ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး သတင်ပေးဒလန်လို့နာမည်ထွက်နေသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

Salween Press

တောင်တွင်းကြီးမှာ ပျူစောထီးအဖွဲ့ဝင် ပြည်ခိုင်ဖြိုးမြို့နယ်အတွင်းရေးမှုး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး တောင်တွင်းကြီးမှာ ပျူစောထီးအဖွဲ့ဝင် ပြည်ခိုင်ဖြိုးမြို့နယ်အတွင်းရေးမှုး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး Reviewed by THITHTOOLWIN on 05:18 Rating: 5

No comments:

Powered by Blogger.