ဒီပဲယင်းတွင် စကစများ သောင်းကျန်းနေပြီး ဝပါ၊သပြေသာရွာရှိ နေအိမ်နှင့် စပါးများကို မီးရှို့ဖျက်ဆီး၊

ဒီပဲယင်းမြို့နယ် ဝပါ သပြေသာကျေးရွာတွင် စကစများ အကြမ်းဖက် စီးနင်းကာ မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရစဉ်/ Photo – VOT

ဇန်နဝါရီ - ၃၁

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စကစများ အကြမ်းဖက်သောင်းကျန်းနေပြီး ယမန်နေ့ ဇန်နဝါရီ(၃၀)ရက်က ဝပါ၊သပြေသာ ကျေးရွာကို အကြမ်းဖက် စီးနင်းဝင်ရောက်ကာ မွှေနှောက်ခိုးယူ လုယက်ပြီးနောက် နေအိမ်များနှင့် စပါးများကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စစ်အုပ်စု၏ မီးရှို့ဖျက်ဆီး သောင်းကျန်းမှုကြောင့် ဝပါ၊သပြေသာ ကျေးရွာအတွင်း နေအိမ်(၇)လုံးထက်မနည်း မီးလောင်ပြာကျခဲ့သလို စပါးတင်း (၁၀၀၀)ကျော်လည်း မီးလောင်ပြာကျခဲ့သည်ဟု ဒီပဲယင်းအသံ - VOT က ဖော်ပြသည်။ 

“ဝပါ၊သပြေသာ ကျေးရွာအတွင်း တပ်ဆွဲပြီး မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ခွေးများသည် ကျေးရွာအတွင်းအိမ်ခြေ (၇ )  လုံးခန့် နှင့် သိမ်းဆည်းထားသော စပါး (၁၃၀၀)ခန့် မီးလောင်ပြာကျသွားသည်။ ဒလံ လမ်းပြနှင့် အတိအကျ မိီးရှိို့ဖျက်ဆီးခြင်း ဖြစ်နိုင်သည်။ အိမ်တွေ ကွက်ပြီး လောင်ကျွမ်းနေခြင်း ဖြစ်သည်။  ကျေးရွာဒေသခံများ စိတ်မချရသည့် အနေအထား ဖြစ်သောကြောင့် ရွာခြေ ပြန်မကပ်ကြသေးရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု VOT က ဖော်ပြသည်။

ဇန်နဝါရီ(၃၀)ရက် နေ့လည်(၁၂)နာရီကျော်အချိန်က စကစ လက်အောက်ခံ ဒီပဲယင်းမြို့နယ် ရဲစခန်းမှ ထွက်လာသော စကစများသည် ဝပါ၊သပြေသာ ကျေးရွာသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ မွှေနှောက်သောင်းကျန်း မီးရှို့ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ အဆိုပါ ကျေးရွာများမှ ဒေသခံများ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရသည်။

စစ်အုပ်စုသည် ယခုရက်ပိုင်းအတွင်း ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက် စသည့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ သောင်းကျန်းပြီး ဒေသခံ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် တန်ဘိုးကြီးပစ္စည်းများ ခိုးယူလုယက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

ဒီပဲယင်းတွင် စကစများ သောင်းကျန်းနေပြီး ဝပါ၊သပြေသာရွာရှိ နေအိမ်နှင့် စပါးများကို မီးရှို့ဖျက်ဆီး၊ ဒီပဲယင်းတွင် စကစများ သောင်းကျန်းနေပြီး ဝပါ၊သပြေသာရွာရှိ နေအိမ်နှင့် စပါးများကို မီးရှို့ဖျက်ဆီး၊ Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.