စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ နန့်စီးအောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ ကားနှစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရ
ဇန်နဝါရီ၊၂၁
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ စီပိန်းရွာဘက်ကနေ နန့်စီးအောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ ကားနှစ်စီးကို ဒီကနေ့ညနေ (၆) နာရီခွဲလောက်က မော်လူးမြို့နဲ့ ပေကုန်းရွာကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ Inn Daw PDF(I.PDF)ပူးပေါင်းတပ်ကနေမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မှိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ် I.PDF တစ်ဦးက National Unity Media(NUM) ကို ပြောပါတယ်။
" စစ်ကောင်စီဘက်က ၅/၆လောက်တော့ဒဏ်ရာရမယ်၊ အဲ့ထက်လည်းများချင် များမယ်ဗျ။ စကစဘက်က ရမ်းသမ်းပစ်လို့ သေချာမသိလိုက်ဘူး။” လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေကြောင့် I.PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လယ်အချိန်ကလည်း နဘားရွာ အ၀င်ကနေ ပင်ဝယ်ရွာဘက်ကို ရထားလမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီတပ်သား (၃၀)ဦးလောက်ကိုလည်း KIAနှင် I.PDFပူးပေါင်းတပ်တို့ကနေ ပင်ဝယ်ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား (၃)ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
National Unity Media - NUM
No comments:
Post a Comment