Photo : CJ |
မုံရွာ၊ ဇန်နဝါရီ ၂
မုံရွာမြို့နယ်အတွင်း ဦးပိုင်ထုတ်ကုန်များကို သယ်ယူခြင်း ၊ ရောင်းချခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူးခြင်းနှင့် ဝယ်ယူခြင်းများမပြုလုပ်ရန် မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးကြေညာလိုက်သည်။
လိုက်နာခြင်းမရှိပါက ဖေဖော်ဝါရီလ (၁) ရက်မှစတင်ကာ သိမ်းဆည်းဖျက်ဆီးခြင်းဖြင့် အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ စီပွားရေးဒေါက်တိုင်တွင် မြန်မာဘီယာ ထုတ်ကုန်သည် အဓိကအနေဖြင့်ပါဝင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း မြန်မာဘီယာများကို ဖမ်းဆီးရမိပါက ဖျက်ဆီးပစ်လေ့ရှိသည်။
မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်အာဏာရူးတို့၏ ဒေါက်တိုင်များဖြစ်သည့် စီးပွားရေးလုပ်ငန်းများကိုလည်း ဆက်လက်ရှင်သန်ကြီးထွားခွင့်ပေးမည်မဟုတ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌လည်း စစ်တပ်ထုတ်ကုန်များကို ရောင်းချခြင်း ၊ ၀ယ်ယူခြင်း မပြုရန်နှင့် လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးအဖွဲ့များက ဒေသအသီးသီး၌ အသိပေးနှိုးဆော်ထားသည်။
Lu Nge Khit
No comments:
Post a Comment