ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှကြမ်းလှပါသည်ဟု နာမည်ကျော်ကြားသော တပ်မ (၇၇) မှတပ်သားများ မိုင်းဆွဲခံရ၍ (၅) ဦးသေဆုံး

ဇန်နဝါရီ ၁၊ 

ရေဦးမြို့နယ်၊ အင်တောကျေးရွာတွင် ကင်းပတ်နေသော စစ်ကောင်စီတပ်များအား ယနေ့မနက် ၈ နာရီ ၄၅ မိနစ်ခန့်က တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် ရေဦးမြို့နယ် (ပ.က.ဖ) တို့ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃) ဦး လုံးဝမလှုပ်နိုင်တော့ဘဲ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်းသိရပြီး (၂) ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ထပ်မံသေဆုံးသွားကြောင်းတန့်ဆည် (ပ.က.ဖ) အဖွဲ့ကထုတ်ပြန်သည်။

သေဆုံးသွားသော စစ်ကောင်စီတပ်သားများမှာ စစ်ကောင်စီတပ်တွင် ကြမ်းလှပါသည်ဟု နာမည်ဆိုးနဲ့ကျော်ကြားသော တပ်မ (၇၇)မှတပ်သားများဖြစ်ကြောင်း သိရသည်။

PDF Newsflash 

ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှကြမ်းလှပါသည်ဟု နာမည်ကျော်ကြားသော တပ်မ (၇၇) မှတပ်သားများ မိုင်းဆွဲခံရ၍ (၅) ဦးသေဆုံး ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှကြမ်းလှပါသည်ဟု နာမည်ကျော်ကြားသော တပ်မ (၇၇) မှတပ်သားများ မိုင်းဆွဲခံရ၍ (၅) ဦးသေဆုံး Reviewed by THITHTOOLWIN on 23:34 Rating: 5

No comments:

Powered by Blogger.